ယူရို ၅၀၀ ဈေးနဲ့ ရောင်းချသွားမှာပါ

Realme ဟာ ဥရောပဈေးကွက်မှာ periscope ကင်မရာပါ high-end ဖုန်းသစ်ကို ကြေညာလိုက်ပါတယ်။

Realme X3 SuperZoom ဟာ စပိန်နဲ့ ဥရောပဈေးကွက်တွေမှာ စတင် ဖြန့်ချိလိုက်တာ ဖြစ်ပြီး အဓိက feature တစ်ခုက Galaxy S20 Ultra နဲ့ OPPO Find X2 Pro တို့လို တန်ဖိုးကြီး ဖုန်းတွေမှာ တွေ့ရတဲ့ periscope zoom lens ပါလာတာ ဖြစ်ပါတယ်။ ထောင်လိုက်ကင်မရာတန်းထဲမှာ 8MP ကင်မရာ ၊ 5x လှမ်းဆွဲရိုက်နိုင်မယ့် 64MP primary lens ၊ 8MP ultrawide နဲ့ 2MP macro ကင်မရာတို့ ပါရှိပါတယ်။



Photo: my-techspace

ရှေ့ဘက်မှာ punch hole ကင်မရာပေါက်နဲ့ နှစ်လုံးတွဲဆယ်လ်ဖီကင်မရာ သုံးထားပါတယ်။ ကင်မရာအနေနဲ့ 32MP Sony IMX616 နဲ့ 8MP ultrawide sensor တို့ ဖြစ်ပါတယ်။ main sensor ဟာ Nightscape Selfie capture ပါလို့ အလင်းအားနည်းချိန် ဆယ်လ်ဖီဆွဲဖို့အတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်မှာပါ။ မျက်နှာပြင်အရွယ်အစား ၆.၅၇ လက်မ IPS LCD display မှာ 120Hz refresh rate ထည့်ပေးထားပါတယ်။

fingerprint scanner ဟာ ဖုန်းဘေးဘောင် power ခလုတ်မှာ ထည့်သွင်းထားပါတယ်။ processor ဟာ ၂၀၁၉ နှစ်ကုန်မှာ မိတ်ဆက်သွားတဲ့ Snapdragon 855+ ဖြစ်ပြီး RAM 12GB ၊ UFS 3.0 256GB storage ပါရှိပါတယ်။ ဖုန်းအပူလွန်ကဲမှုကို ထိန်းညှိနိုင်တဲ့ အငွေ့အအေးခံစနစ်လည်း ပါရှိပြီး 30W Dart 3.0 fast charging ပါ 4200mAh ဘက်ထရီနဲ့ လာပါတယ်။

အရောင်အနေနဲ့ Glacier Blue နဲ့ Arctic White နှစ်ရောင်နဲ့ ထွက်ရှိပြီး RAM 12GB/256GB storage ဗားရှင်းကို ၄၉၉ ယူရို (မြန်မာငွေ ၇ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က