ဈေးနှုန်းသင့်တင့်သလောက် စိတ်ဝင်စားဖို့ ကောင်းတဲ့ ဖုန်းပါ

Xiaomi ၁၀ နှစ်ပြည့်ပွဲမှာ Ultra ဖုန်းသစ်နှစ်မျိုး မိတ်ဆက်ခဲ့ပြီး တစ်လုံးဟာ flagship processor နဲ့ တန်ဖိုးသင့်မော်ဒယ်အဖြစ် ထွက်လာတာပါ။

Redmi K30 Ultra ဟာ Redmi K30 Pro နဲ့ ဆင်ပြီး ၆.၆၇ လက်မ AMOLED display ၊ pop-up selfie ကင်မရာနဲ့ 64MP primary ကင်မရာပါ Quad Lens နဲ့ လာပါတယ်။ Samsung Super AMOLED display သုံးထားတဲ့ ဒီဖုန်းဟာ တောက်ပမှုအနေနဲ့ 1200nits အထိ ပါလာပြီး HDR10+ support ပေးထားပါတယ်။



Photo: droidholic


display ဟာ 120H refresh rate နဲ့ 240Hz touch sampling rate ပါရှိပြီး ဘက်ထရီပါဝါ သုံးစွဲမှု ပိုကောင်းမွန်စေဖို့ frame rate ကို 60Hz နဲ့ 120Hz အကြား အလိုအလျောက် ပြောင်းလဲပေးနိုင်မှာပါ။ pop-up ကင်မရာ သုံးထားတာကြောင့် ရှေ့ display ဟာ screen-to-body အချိုးဟာ ၉၂.၇% အထိ ရှိလာတယ်လို့ ဆိုပါတယ်။

Redmi K30 Ultra ဟာ MediaTek ရဲ့ flagship 5G processor ဖြစ်တဲ့ 7nm Dimensity 1000+ processor နဲ့ လာပြီး ဖုန်းစွမ်းဆောင်ရည် တိုင်းတာတဲ့ AnTuTu ကတော့ score ၅၃၀၀၀၀ ကျော် ပေးထားပါတယ်။ Gaming Experience ပိုင်းအတွက် အချောမွေ့ဆုံးဖြစ်အောင် ပံ့ပိုးပေးနိုင်ဖို့ Hyper Engine 2.0 နဲ့ Game Turbo engine နှစ်ခုလည်း ပါရှိပါတယ်။

နောက်ထပ် ဂိမ်းအတွက် အထူးထည့်သွင်းထားတဲ့ features တစ်ခုက ဂရက်ဖင်းနဲ့ ဂရက်ဖိုက် 3D အပူစွန့်ထုတ်မှုစနစ် ပါဝင်တဲ့ အကြီးစား Vapour Chamber စနစ်ဖြစ်တာကြောင့် ဂိမ်းအကြီးစားတွေ အကြာကြီး ကစားသူများအတွက် အမိုက်စားစွမ်းဆောင်ရည်ကို ပေးနိုင်မှာ ဖြစ်ပါတယ်။  

ကင်မရာအနေနဲ့ ရှေ့ဘက်မှာ 20MP pop-up ဆယ်လ်ဖီကင်မရာ သုံးထားပြီး ကျောဘက်မှာ 64MP primary lens ပါ လေးလုံးတွဲ ကင်မရာ နဲ့ လာပါတယ်။ ကျောဘက် စက်ဝိုင်းပုံ ကင်မရာကွက်ထဲမှာ 64MP primary lens ၊ 13MP ultra-wide sensor ၊ 5MP macro lens နဲ့ 2MP depth sensor တို့ ထည့်သွင်းထားပါတယ်။ 

Photo: GSMArena


ဘက်ထရီပါဝါ 4500 mAh ဟာ 33W Charging အထိ ပံ့ပိုးထားပါတယ်။ ဆော့ဖ်ဝဲလ်စနစ်အနေနဲ့ Android 10 ကို အခြေခံထားတဲ့ MIUI 12 နဲ့ လာပါတယ်။ တစ်ခြား features အနေနဲ့ in-display fingerprint sensor ၊ NFC စနစ် နဲ့ အိမ်သုံး စမတ်ထုတ်ကုန်တွေကို အဝေးကနေ ထိန်းချုပ်နိုင်မယ့် IR Blaster စနစ်တို့ ပါဝင်ပါတယ်။

Xiaomi Redmi K30 Ultra ဟာ Moonlight White ၊ Midnight Black နဲ့ Mint Green ကာလာ ၃ ရောင်နဲ့ လာပြီး ဗားရှင်း ၄ မျိုး ထွက်ထားပါတယ်။ အနိမ့်ဆုံးမော်ဒယ် RAM 6GB/128GB storage ကို ၁၉၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခန့်) ကနေ စတင်ရောင်းချသွားမှာ ဖြစ်ပြီး အမြင့်ဆုံး RAM 8GB/512GB storage ကိုတော့ ၂၆၉၉ ယွမ် (မြန်မာငွေ ၅ သိန်း ၃ သောင်းကျော်) ဈေး သတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က