flagship တက်ဘလက်တွေအဖြစ် မြင်ရမှာပါ

Samsung ရဲ့ Unpacked 2020 ပွဲမှာ high-end တက်ဘလက်နှစ်မျိုးလည်း ကြေညာသွားပါတယ်။

Galaxy Tab S7 နဲ့ Tab S7 Plus မော်ဒယ်နှစ်မျိုးကို မိတ်ဆက်သွားတာ ဖြစ်ပြီး ပရီမီယံမော်ဒယ်တွေ ဖြစ်တဲ့အတိုင်း 120Hz display ၊ S Pen support နဲ့ Snapdragon 865+ processor သစ်ကို သုံးလာပါတယ်။ Galaxy Tab S7 Plus ကတော့ ပိုမြင့်တဲ့ ဗားရှင်းဖြစ်ပြီး ၁၂.၄ လက်မ AMOLED display (2800 x 1752px ရုပ်ထွက်) ပါရှိပါတယ်။



Photo: GSMArena

လက်ဗွေကို မှန်ပြင်အောက်မှာ ထည့်သွင်းထားပြီး Galaxy Note 20 Ultra သစ်မှာ သုံးတဲ့ အဝေးထိန်းလုပ်ဆောင်ချက်ပါ S Pen သစ် နဲ့ လာပါတယ်။ 10090mAh ဘက်ထရီအကြီးစား ထည့်သွင်းထားပြီး ၁၆ နာရီဆက်တိုက် ဇာတ်ကားတွေ ကြည့်နိုင်မယ်လို့ ဆိုပါတယ်။ အားသွင်းတာကိုတော့ 45W charging အထိ ပံ့ပိုးထားပြီး Power Delivery Charger သီးသန့် ထပ်ဝယ်ရမှာပါ။

တက်ဘလက်နှစ်မျိုးစလုံးရဲ့ ကျောဘက်မှာ 13MP main sensor နဲ့ 5MP ultrawide နှစ်လုံးတွဲကင်မရာ သုံးထားပြီး S Pen ထားဖို့ သံလိုက်ဘားလေးလည်း ပါရှိပါတယ်။ ရုပ်သံခေါ်ဆိုမှုတွေ လုပ်ဖို့အတွက် ရှေ့ဘက်မှာ 8MP selfie ကင်မရာ ပါရှိပါတယ်။ WiFi သီးသန့် ဗားရှင်း ၊ LTE နဲ့ 5G ဗားရှင်းဆိုပြီး သုံးမျိုးထွက်ထားပါတယ်။ 

RAM 6GB/128GB storage (WiFi) ဗားရှင်းကို ယူရို ၉၀၀ (မြန်မာငွေ ၁၄ သိန်းခွဲ) နဲ့ 5G ဗားရှင်းကို ယူရို ၁၁၀၀ (မြန်မာငွေ ၁၇ သိန်း ၇ သောင်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ RAM 8GB/256GB storage (WiFi) ဗားရှင်းကတော့ ယူရို ၉၈၀ (မြန်မာငွေ ၁၅ သိန်း ၈ သောင်းခန့်) နဲ့ 5G ဗားရှင်းအတွက် ယူရို ၁၁၈၀ (မြန်မာငွေ ၁၉ သိန်းကျော်) ဈေးနဲ့ ဝယ်ယူနိုင်မှာပါ။

Photo: Engadget


ဈေးပိုသက်သာမယ့် Galaxy Tab S7 ကတော့ ၁၁ လက်မ LCD display နဲ့ လာပြီး တောက်ပမှုအဆင့် ပိုမြင့်ပါတယ်။ သုံးထားတဲ့ S Pen ဟာ Galaxy Note 20 နဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဘက်ထရီပါဝါ 7040mAh ဖြစ်ပြီး processor နဲ့ RAM/Storage ချင်း အတူတူပဲ သုံးလာပါတယ်။ Galaxy Tab S7/S7 Plus နှစ်မျိုးစလုံးဟာ ဘယ်ညာနှစ်ဖက်စလုံးမှာ စုစုပေါင်း AKG စပီကာ ၄ လုံး သုံးထားပြီး Dolby Atmos အသံစနစ် ပါဝင်လာပါတယ်။

Galaxy Tab S7 ကတော့ ဘေးဘောင်မှာ လက်ဗွေဖတ်စနစ် ထည့်ပေးထားပါတယ်။ RAM 6GB/128GB storage (WiFi) ဗားရှင်းကို ယူရို ၇၀၀ (မြန်မာငွေ ၁၁ သိန်း၃သောင်းကျော်် နဲ့ 5G ဗားရှင်းကို ယူရို ၈၀၀ (မြန်မာငွေ ၁၂ သိန်း ၉သောင်းကျော်) ဈေးတွေနဲ့ သတ်မှတ်ထားပြီး RAM 8GB/256GB storage (WiFi) နဲ့ 5G ဗားရှင်းတွေကို ယူရို ၇၈၀ (မြန်မာငွေ ၁၂ သိန်းခွဲကျော်) နဲ့ ယူရို ၈၈၀ (မြန်မာငွေ ၁၄ သိန်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က