high-end ဖုန်းတစ်လုံးရဲ့ ခန့်ညားတဲ့ အသွင်အပြင်နဲ့ လာပါတယ်

OPPO ရဲ့ high-end မော်ဒယ်သစ် Find X2 ဖုန်းသစ်တွေကတော့ flagship features တွေနဲ့ ထွက်လာပြီ ဖြစ်ပါတယ်။

OPPO ဟာ Find series သစ်အနေနဲ့ Find X2 နဲ့ Find X2 Pro ဖုန်းသစ်နှစ်မျိုးကို ကြေညာလိုက်တာပါ။ မော်ဒယ်နှစ်မျိုးစလုံးဟာ Screen Size ကနေ သုံးထားတဲ့ Processor အထိ အတူတူဖြစ်ပြီး ဘက်ထရီနဲ့ ကင်မရာပိုင်းမှာ ကွာခြားမှု ရှိနေပါတယ်။



OPPO Find X2 နဲ့ Find X2 Pro တို့ဟာ မျက်နှာပြင် ၆.၇ လက်မ AMOLED panel နဲ့ လာပြီး 120Hz refresh rate အမြင့်သုံးထားပါတယ်။ Screen တောက်ပမှုမှာ 1200 nits နဲ့ HDR10+ ထောက်ခံချက် ရထားပါတယ်။

Photo: engnews24h

၂၀၁၈ မှာ ထွက်ခဲ့တဲ့ OPPO Find X ဟာ slider design နဲ့ လာပေမယ့် ဒီတစ်ခေါက်မှာတော့ punch-hole ကင်မရာပေါက်နဲ့ လာပြီး ဘေးဘောင်ကွေးညွှတ်ထားတဲ့ မှန်ဒီဇိုင်း သုံးထားတာပါ။ Pro ဗားရှင်းဟာ IP68 rating ရေစိုဖုန်တင်ခံတဲ့ ဖုန်းဖြစ်ပြီး ကာလာလည်း ပိုဆန်းပါတယ်။

Find X2 ဟာ ကျောဘက် ထောင်လိုက်သုံးလုံးတွဲကင်မရာ ဖြစ်တဲ့ 48MP Sony IMX586 sensor ၊ 12MP ultrawide ကင်မရာ နဲ့ 13MP telephoto ကင်မရာတွေ ပါရှိပါတယ်။ 48MP main sensor မှာ အကြီးဆုံး pixel ဖြစ်တဲ့ 1.12µm ပါရှိရုံတင်မဟုတ်ဘဲ Dual Pixel sensor တွေထက် ပိုပြီး Focus ပိုကောင်းတဲ့ Sony ရဲ့ 2x2 OCL နည်းပညာသစ် သုံးထားပါတယ်။

ကင်မရာအားလုံးမှာ Ultra Night Mode ထည့်သွင်းထားပြီး ရှေ့ဘက်မှာ 32MP Sony IMX616 Quad-Bayer Sensor သုံးထားပါတယ်။ Find X2 Pro မှာလည်း 48Mp main sensor နဲ့အတူ 48MP Ultra-wide ကင်မရာတွေ သုံးထားပါတယ်။ ဒီ ultra wide ကင်မရာဟာ Autofocus နဲ့ ၃ စင်တီမီတာကနေ subject တွေ အသေးစိတ် အနီးကပ် ရိုက်ပေးမယ့် Macro mode လည်း ပါရှိပါတယ်။

OPPO Find X2 Pro ဟာ ပယ်ရီစကုပ်ကင်မရာသုံးလာတဲ့ ဖုန်းပါ။ 13MP periscope lens ဟာ 5x optical ၊ 10x hybrid နဲ့ 60x digital zoom အထိ ဆွဲရိုက်နိုင်တဲ့ OPPO ရဲ့ ဒုတိယမျိုးဆက် ပယ်ရီစကုပ်ကင်မရာ ဖြစ်ပါတယ်။ ရှေ့ကင်မရာကတော့ OPPO Find X2 နဲ့ အတူတူပါပဲ။

OPPO Find X2 မှာ 4200mAh ဘက်ထရီ သုံးထားပြီး Pro မော်ဒယ်မှာ 4260 mAh ဘက်ထရီ ပါရှိပါတယ်။ အားသွင်းနည်းစနစ်မှာတော့ 65W Super VOOC 2.0 Flash Chare နည်းပညာ ဖြစ်လို့ ၃၈ မိနစ်အတွင်း ဖုန်းအားအပြည့် သွင်းနိုင်မှာပါ။


Photo: GSMArena

Flagship ဖုန်းဖြစ်တဲ့အတိုင်း Snapdragon 865 processor ၊ RAM 12GBကနေ storage 512GB အထိ သုံးလာပါတယ်။ Find X2 ဟာ Ocean Glass ရောင်နဲ့ Black Ceramic နှစ်မျိုးထွက်ထားပြီး Pro မော်ဒယ်ကတော့ လိမ္မော်ရောင် လယ်သာဗားရှင်းနဲ့ ကြွေထည်နဲ့ လုပ်ထားတဲ့ အနက်ရောင် ဗားရှင်းနဲ့ ထွက်ထားပါတယ်။

OPPO Find X2 (RAM 12GB/256GB storage) ဗားရှင်းကို ၉၉၉ ယူရို (မြန်မာငွေ ၁၅ သိန်းကျော်) ဈေးနဲ့ OPPO Find X2 Pro (RAM 12GB/512GB storage) ကို ၁၁၉၉ ယူရို (မြန်မာငွေ ၁၈ သိန်းခွဲနီးပါး) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က