5G ၊ high-end ကင်မရာနဲ့ အဆင့်မြင့်စမတ်ဖုန်း

Samsung ရဲ့ ၂၀၂၀ အတွက် ပထမဆုံး high-end ဗားရှင်း စမတ်ဖုန်းတွေကတော့ ပရီမီယံဖုန်းတစ်လုံးရဲ့ အသွင်အပြင်နဲ့ ထည်ထည်ဝါဝါ မိတ်ဆက်လာပြီ ဖြစ်ပါတယ်။

Unpacked 2020ပွဲမှာ Samsung ဟာ Galaxy S20 ၊ Galaxy S20+ ၊Galaxy S20 Ultra အပြင် ပထမဆုံး ခေါက်သိမ်းနိုင် မှန်ပါ စမတ်ဖုန်းဖြစ်တဲ့ Galaxy Z Flip တို့ကိုပါ ကြေညာသွားတာ ဖြစ်ပါတယ်။ Galaxy S20 ဖုန်းသစ်တွေဟာ Screen အရည်အသွေး ၊ ဘက်ထရီနဲ့ ကင်မရာစွမ်းရည်ပိုင်းမှာ အထူးအဆင့်မြှင့်ထားတာပါ။



Photo: CNN

Galaxy S20 ဟာ မိတ်ဆက်လိုက်တဲ့ flagship သုံးခုထဲမှာ အသေးဆုံးအရွယ်အစားနဲ့ ထွက်ထားတာ ဖြစ်ပြီး မျက်နှာပြင် ၆.၂ လက်မ 20:9 ratio သုံးထားပါတယ်။ screen အနေနဲ့ Galaxy S20 Plus လိုပဲ 120Hz refresh rate နဲ့ 1440p+ resolution ပါရှိပါတယ်။

ဒီဇိုင်းပိုင်းမှာ မျက်နှာပြင် ၆.၇ လက်မ Galaxy S20 Plus လိုပဲ ဖုန်းမှန်ပြင် အပေါ်အလယ်မှာ punch hole ကင်မရာ နဲ့ လာပြီး 10MP selfie ကင်မရာပဲ သုံးထားပါတယ်။ ultrasonic အမျိုးအစား in-display လက်ဗွေနည်းပညာကို သုံးထားပြီး ကျောဘက်မှာ OIS စနစ်ပါ 12MP main ကင်မရာ 8K ဖမ်းနိုင်တဲ့ 64MP telel ကင်မရာ နဲ့ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ်ဖမ်းနိုင်မယ့် 12MP ultra wide ကင်မရာတွေကလည်း Plus မော်ဒယ်အတိုင်းပါပဲ။



Plus ဗားရှင်းမှာတော့ DepthVisionလို့ခေါ်တဲ့ portrait ရိုက်ချက်နဲ့ in-depth အထူးလုပ်ဆောင်ချက်တွေမှာ သုံးနိုင်မယ့် sensor တစ်ခု ပို ပါလာတာပါ။ 64MP tele ကင်မရာဟာ 3x hybrid zoom နဲ့ 30x Super Resolution Zoomအထိ ဆွဲရိုက်နိုင်မယ့် ကင်မရာ ဖြစ်ပြီး OIS ရုပ်ငြိမ်စနစ်နဲ့ အပါချာအမြင့်နဲ့ အလင်းဖမ်းနိုင်မယ့်စနစ် သုံးထားပါတယ်။

ဘက်ထရီပါဝါမှာ Galaxy S20 ဟာ 25W charging စနစ်ပံ့ပိုးထားတဲ့ 4000 mAh ဘက်ထရီ သုံးထားပြီး Galaxy S20+ ကတော့ 4500 mAh ဘက်ထရီအကြီး ပါရှိပါတယ်။ Plus မော်ဒယ်မှာ 15W fast wireless charging စနစ် ထည့်ထားကပြီး တစ်ခြားဖုန်းတွေနဲ့ gadget တွေကိုပါ wired ရော wireless အရပါ အားသွင်းနိုင်မှာပါ။

Samsung ထုတ် အဆင့်မြင့် ဖုန်းတွေ ဖြစ်လို့ IP68 rating ရေစို ဖုန်တင်ခံတဲ့အကြောင်းကတော့ ထည့်ပြောစရာ လိုမှာ မဟုတ်ပါဘူး။ ဒီမော်ဒယ်နှစ်မျိုးစလုံးဟာ၂၀၂၀ အတွက် high-end processor ကို အစောဆုံး သုံးတဲ့ ဖုန်းတွေထဲမှာ ထည့်ပြောရမှာပါ။ Snapdragon 865 နဲ့ Exynos 990 SoC တွေကို ဈေးကွက်ပေါ် လိုက်ပြီး ထွက်လာမှာ ဖြစ်ပြီး RAM 8GB နဲ့ 12GB နှစ်မျိုး ထွက်ထားပါတယ်။

Photo; 9to5 Google


storage ကတော့ 128GB တစ်မျိုးပဲ ထွက်ထားပြီး MicroSD slot နဲ့ ထပ်တိုးနိုင်မယ်လို့ ဆိုပါတယ်။ 4G နဲ့ 5G ဗားရှင်း နှစ်မျိုး ထွက်ထားပြီး Galaxy S20 မှာ Cosmic Cray ၊ Cloud Blue နဲ့ Cloud Pink အရောင်တွေနဲ့ လာပါတယ်။S20 Plus ကတော့ Cosmic Pink အစား Cosmic Black ကာလာနဲ့ ထွက်ထားတာပါ။

Galaxy S20 Plus 5G ဗားရှင်း (RAM 8GB/128GB) ဝယ်မယ်ဆိုရင် ၁၁၉၉ ဒေါ်လာ (မြန်မာငွေ ၁၇ သိန်းကျော် ) ကျသင့်မှာဖြစ်ပြီးGalaxy S20 4G base version ကတော့ ယူရို ၉၀၀ (မြန်မာငွေ ၁၄ သိန်း) ကနေ စတင် ရောင်းချသွားမှာပါ။ 5G ဗားရှင်းဆိုရင် ယူရို ၁၀၀၀ ( မြန်မာငွေ ၁၅ သိန်း ၈ သောင်း) ကျသင့်မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က