၂၀၂၀ အတွက် အကောင်းဆုံးဖုန်းတွေထဲက တစ်လုံးပါ

ကင်မရာ DxOMark မှာ Huawei P40 Pro ထက် ပိုမြင့်တဲ့ ဖုန်းတစ်လုံးကို Xiaomi က မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Xiaomi ရဲ့ ၁၀ နှစ်ပြည့် Mi ဖုန်းသစ် Xiaomi Mi 10 Ultra ကတော့ အကောင်းဆုံးဖုန်းတစ်လုံးရဲ့ အသွင်အပြင်နဲ့ ထွက်လာပြီ ဖြစ်ပါတယ်။ Ultra brand အနေနဲ့ ထွက်လာတဲ့ ဒီဖုန်းရဲ့ အမိုက်ဆုံး feature တွေထဲမှာ ကမ္ဘာ့အမြန်ဆုံး 120W charging နည်းပညာ နဲ့ နာမည်ကြီးကင်မရာဖုန်းဖြစ်တဲ့ Huawei P40 Pro ထက် ကင်မရာ DxOMark ပိုမြင့်ခြင်းကလည်း အပါအဝင်လို့ ဆိုရမှာပါ။



Xiaomi Mi 10 Ultra ဟာ ဘေးဘောင်ကွေး ၆.၆၇ လက်မ FHD+ OLED display နဲ့ လာပြီး 120Hz refresh rate ပါရှိပါတယ်။ HDR 10+ Panel ပါရှိပြီး တောက်ပမှုအဆင့် 800nits အထိ ထွက်မယ်လို့ ဆိုပါတယ်။ သတင်းတွေ ထွက်ခဲ့သလို Under-display ကင်မရာ မသုံးဘဲ Punch-hole ကင်မရာပေါက်နဲ့ လာပါတယ်။

Photo: Digit.in

  စတီရီယိုစပီကာတွေ ပါရှိပြီး အဆင့်မြှင့်ထားတဲ့ မှန်ပြင်အောက် နည်းပညာ ပါဝင်ပါတယ်။ punch-hole ကင်မရာပေါက်ထဲမှာ 20MP selfie ကင်မရာ သုံးထားပြီး ကျောဘက်မှာ အမိုက်စား လေးလုံးတွဲကင်မရာစနစ် ပါရှိပါတယ်။

ကင်မရာအနေနဲ့ OIS စနစ်ပါ 48MP f/1.8 lens ၊ 5x optical နဲ့ 120x hybrid zoom ဆွဲနိုင်မယ့် 48MP f/4.1 periscope တို့နဲ့အတူ ultra wide နဲ့ အရန် tele lens နှစ်ခု ပါဝင်ပါတယ်။ primary နဲ့ tele cameras နှစ်ခုဟာ 8K video recording လည်း ပံ့ပိုးထားတယ်လို့ ဆိုပါတယ်။

ကျန်ကင်မရာနှစ်လုံးဟာ 13mm focal length ပါ 20MP ultra-wide shooter နဲ့ 2x optical zoom ပါ 12MP အရန် telephoto lens တို့ ဖြစ်ပါတယ်။ ကင်မရာ DxOMark မှာ Xiaomi Mi 10 Ultra ဟာ ဓါတ်ပုံရိုက်ချက်မှာ ၁၄၂ မှတ် ၊ ဗွီဒီယိုမှာ ၁၀၆ မှတ် နဲ့ DxOMark score မှာ ၁၃၀ မှတ်အထိ ရထားပြီး ၁၂၈ မှတ်ရထားတဲ့ Huawei P40 Pro ထက် အမှတ်ပိုမြင့်နေပါတယ်။

Xiaomi Mi 10 Ultra ဟာ Snapdragon 865 SoC နဲ့ လာပြီး LPDDR5 RAM 8GB , 12GB နဲ့ 16GB ၊ UFS 3.1 128GB/256GB/512GB storage ဗားရှင်းအမျိုးမျိုးနဲ့ ထွက်ထားပါတယ်။ ဖုန်းအပူချိန်ထိန်းညှိမှုကို အကောင်းဆုံး ဖြစ်စေဖို့ ဂရပ်ဖိုက်အလွှာ ၆ ဆင့်ပါ LiquidCool 2.0 vapor chamber စနစ်လည်း ထည့်သွင်းထားပါတယ်။ 

အားသွင်းစနစ်အနေနဲ့ ဒီဖုန်းဟာ လက်ရှိစမတ်ဖုန်းတွေထဲမှာ အမြန်ဆုံးအားသွင်းနည်းပညာဖြစ်တဲ့ 120W Mi Turbo Charge နည်းပညာ ပါရှိပြီး 4500 mAh ဘက်ထရီကို မိနစ် ၂၀ အတွင်း အားအပြည့်သွင်းနိုင်မှာပါ။ 50W wireless charging လည်း ပံ့ပိုးထားပြီး မိနစ် ၄၀ အတွင်း အားအပြည့်သွင်းနိုင်တာ ဖြစ်လို့ ကြိုးမဲ့အားသွင်းစနစ်မှာ အမြန်ဆုံးလို့ ဆိုနိုင်ပါတယ်။ 


Photo: Engadget

Mi 10 Ultra ဟာ 10W reverse wireless charging လည်း ပါရှိပြီး Android 10 အခြေခံ MIUI 12 နဲ့ လာပါတယ်။ ကျောဘက် Ceramic သား သုံးထားပြီး Obsidian Black နဲ့ Mercury Silver ကာလာနှစ်ရောင်နဲ့ ထွက်ထားပါတယ်။ ထွင်းဖောက်မြင် Transparent Edition လည်း ထွက်ထားပြီး Transaprent Edition ရဲ့ အမြင့်ဆုံးမော်ဒယ် (RAM 12GB/256GB storage) ကို ၅၉၉၉ ယွမ် (မြန်မာငွေ ၁၁ သိန်း ၈ သောင်းကျော်) နဲ့ ရောင်းချသွားမှာပါ။

Ceramic Black မော်ဒယ် RAM 8GB /128GB storage မော်ဒယ်ကို ၅၂၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်းခွဲခန့်) ကနေ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ ဈေးကွက်ထဲ ဖြန့်မယ့်ရက်တော့ မသိရသေးပါဘူး။ 

Share

Loading Next Article...
က္က