တန်ဖိုးနည်းပေမယ့် အရည်အသွေးမဆိုးတဲ့ဖုန်းပါ

Poco စီးရီးကနေ နောက်ထပ် တန်ဖိုးနည်းဖုန်းသစ်တစ်မျိုး ထွက်လာပါတယ်။

Poco M2 ဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ဖြန့်ချိခဲ့တဲ့ Poco M2 Pro ရဲ့ အနိမ့်ဗားရှင်းလို့ ပြောရမှာပါ။ IPS LCD panel သုံးထားပြီး မျက်နှာပြင် ၆.၅၃ လက်မ နဲ့လာပါတယ်။ Dot notch Display နဲ့ လာပြီး FHD+ ရုပ်ထွက်ဖြစ်တဲ့ 1080 x 2340p ရုပ်ထွက် ပါရှိပါတယ်။ Screen ကို အပွန်းအစင်းခံဖို့ Gorilla Glass 3 အုပ်ထားပြီး ကျောဘက် ကင်မရာတွေကိုလည်း အကြမ်းခံမှန်နဲ့ ကာကွယ်ထားပါတယ်။



Photo: Gizmochina

ဒီဖုန်းဟာ MediaTek Helio G80 chipset သုံးထားပြီး စမတ်ဖုန်းနဲ့ ဂိမ်းကစားရတာ ကြိုက်သူတို့အတွက် ဂိမ်းကစားမှုကို ပိုချောမွေ့စေပြီး ဘက်ထရီပါဝါအစားသက်သာစေတဲ့အပြင် WiFi / LTE ချိတ်ဆက်မှုတွေကို ပိုမိုစီမံခန့်ခွဲနိုင်တဲ့ HyperEngine ဂိမ်းနည်းပညာနဲ့ လာပါတယ်။ Poco M2 ဟာ LPDDR4x 6GB RAM နဲ့ 128GB internal storage ပါပြီး storage ထပ်မြှင့်နိုင်ဖို့ microSD card slot ထည့်ပေးထားပါတယ်။

ဘက်ထရီပါဝါဟာ အကြီးစား 5000mAh ဖြစ်ပြီး တစ်ခါအားသွင်းထားမယ်ဆိုရင် ၁၂ နာရီအထိ ကြာအောင် ဂိမ်းကစားနိုင်မယ်လို့ ဆိုပါတယ်။ USB C port ကနေ အားသွင်းနိုင်မှာ ဖြစ်ပြီး 18W charging ပံ့ပိုးထားပါတယ်။ fingerprint scanner ဟာ ကျောဘက်ထောင်လိုက် ကင်မရာတွေအောက်မှာ ထည့်သွင်းထားပါတယ်။


Photo: GadgetMatch

Poco M2 ဟာ ကျောဘက်မှာ လေးလုံးတွဲကင်မရာစနစ်ဖြစ်တဲ့ 13MP primary lens ၊ 8MP ultrawide ၊ 5MP macro နဲ့ 2MP depth sensor တို့နဲ့ လာပါတယ်။ ရှေ့ဘက်မှာ 8MP selfie ကင်မရာ သုံးထားပါတယ်။ Android 10 ကို အခြေခံထားတဲ့ MIUI 11 နဲ့ လာပြီး တစ်ခြား MIUI စနစ်သုံး စမတ်ဖုန်းတွေလို ads တွေ ပါလာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အရောင်အနေနဲ့ Brick Red ၊ Pitch Black နဲ့ Slate Blue ကာလာ ၃ ရာင်နဲ့ လာပြီး အိန္ဒိယဈေးကွက်မှာ RAM 6GB/64GB storage ကို ၁၀၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်းခန့်) နဲ့ 128GB storage ကို ၁၂၄၉၉ ရူပီး (မြန်မာငွေ ၂ သိန်း ၂ သောင်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က