Snapdragon 865 SoC နဲ့ လာတဲ့ဖုန်းပါ

Vivo Sub-brand တစ်ခု ဖြစ်တဲ့ iQOO ဟာ Snapdragon 865 chipset သုံး တန်ဖိုးသင့် 5G ဖုန်းတစ်လုံးကို တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။

Vivo iQOO Neo 3 ဟာ နောက်ဆုံးပေါ် processor ၊ 5G စွမ်းဆောင်ရည်နဲ့ အမိုက်စား အားသွင်းနည်းပညာတွေ သုံးထားတဲ့ high-end ဖုန်းတစ်လုံးအနေနဲ့ အတော်လေး ဈေးသက်သာတဲ့ ဖုန်းတစ်လုံးပါ။ ပိုပြီး ထူးခြားတာက အမြင့်စား Gaming စမတ်ဖုန်းတစ်ချို့မှာ တွေ့ရတဲ့ 144Hz refresh rate display ကို သုံးသွားတာ ဖြစ်ပါတယ်။




Photo: GSMArena

မျက်နှာပြင် ၆.၅၇ လက်မ FHD+ LCD panel ဟာ HDR10 support ပေးထားပြီး 20:9 aspect ratio ပါရှိပါတယ်။ လက်ဗွေဟာ ဘေးဘောင် Side-Mounted အဖြစ် သုံးထားပြီး screen ရဲ့ ညာဘက်အပေါ်ထောင့်မှာ punch-hole ကင်မရာပေါက်နဲ့ ထွက်လာပါတယ်။ Gaming အသားပေး ဖုန်းတစ်လုံး ဖြစ်တဲ့အတိုင်း iQOO Neo 3 ဟာ 11-tier cooling system နဲ့ လာပါတယ်။

ဒီအအေးပေးစနစ်ဟာ ဖုန်းအတွင်း အပူချိန်ကို ၁၀ ဒီဂရီစင်တီဂရိတ်အထိ အေးသွားအောင် လျှော့ချ‌ပေးနိုင်မှာပါ။ iQOO Neo 3 ဟာ King Pro League ထောက်ခံချက်ရ ဂိမ်းဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ အသံစနစ်အနေနဲ့ Hi-Fi သံ ထုတ်ပေးမယ့် စတီရီယိုစပီကာတွေနဲ့ လာပါတယ်။ ဘက်ထရီပါဝါဟာ 4500 mAh ဖြစ်ပြီး 44W fast charging စနစ် ပံ့ပိုးပေးထားပါတယ်။ 

ရှေ့ဘက်မှာ 16MP punch-hole ကင်မရာ ပါရှိပြီး ကျောဘက် ထောင်လိုက်စတုဂံကင်မရာကွက်ထဲမှာ 48MP ကင်မရာ ၊ ၁၁၂ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 8MP lens နဲ့ 2MP macro lens ဆိုပြီး သုံးလုံးတွဲကင်မရာ သုံးထားပါတယ်။ အလင်းအနေအထားအမျိုးမျိုးမှာ ရုပ်ထွက်ကောင်းတဲ့ ပုံရိပ်တွေ ဖမ်းယူနိုင်ဖို့အတွက် Hyper-HDR စနစ်လည်း ပံ့ပိုးပေးထားတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

iQOO Neo 3 ဟာ dual-mode 5G စနစ်ဖြစ်တဲ့ SA/NSA နှစ်မျိုးစလုံး ပံ့ပိုးထားတဲ့အပြင် Wi-Fi 6+ နည်းပညာလည်း ပံ့ပိုးပေးထားလို့ WiFi 6 router နဲ့ ချိတ်ဆက်ချိန်မှာ ဒေတာမြန်နှုန်း 1.2Gbps အထိ ပေးပို့နိုင်မှာပါ။ Processor ဟာ ၂၀၂၀ ထုတ် flagship processor ဖြစ်တဲ့ Snapdragon 865 chipset သုံးထားပါတယ်။


Photo: Beebom

ဆော့ဖ်ဝဲအနေနဲ့ Android 10 ကို အခြေခံထားတဲ့ iQOO UI နဲ့ လာပြီးအနက် အပြာ အရောင်နှစ်မျိုး ၊ RAM/storage ဗားရှင်း ၄ မျိုးထွက်ပါတယ်။ storage ဟာ 128GB နဲ့ လာပြီး RAM 6GB မော်ဒယ်အတွက် ၂၆၉၈ ယွမ် (မြန်မာငွေ ၅ သိန်းခွဲခန့်) ၊ RAM 8GB မော်ဒယ်အတွက် ၂၉၉၈ ယွမ် (မြန်မာငွေ ၆ သိန်း ကျော်) နဲ့ RAM 12GB မော်ဒယ်ကို ၃၂၉၈ ယွမ် (မြန်မာငွေ ၆ သိန်း ၇ သောင်းခွဲ) ဈေးတွေနဲ့ ဝယ်ယူနိုင်မှာပါ။

RAM 8GB/256GB storage ဗားရှင်းကတော့ ၃၃၉၈ ယွမ် (မြန်မာငွေ ၆ သိန်း ၉ သောင်းခွဲ) ကျသင့်မှာ ဖြစ်ပြီး နိုင်ငံတကာဈေးကွက်ထဲ ဝင်ရောက်မယ့်ရက် မသိရသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က