Transparent Edition လည်း ထွက်ထားပါတယ်

Nubia ရဲ့ ဂိမ်းဖုန်းသစ် Red Magic 5G ကတော့ နောက်ဆုံးပေါ် Flagship processor နဲ့အတူ ဈေးကွက်ထဲမှာ အမြင့်ဆုံး Refresh rate screen ပါ သုံးလာပါတယ်။


Nubia Red Magic 5G ဟာ နာမည်အတိုင်း 5G ရတဲ့ Gaming Smartphone ဖြစ်ပြီး ကုမ္ပဏီအတွက်လည်း ပထမဆုံး 5G ဖုန်းအဖြစ် ထွက်လာတာ ဖြစ်ပါတယ်။ ဒီဖုန်းဟာ Gaming ဖုန်းတစ်လုံးရဲ့ ကွဲပြားဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ ကာလာတွဲစပ်မှု သုံးထားပါတယ်။



ကျောဘက် Red Magic လိုဂိုဟာ RGB LED နဲ့ လာပြီး ဘေးဘောင်တွေမှာ ပါဝါ နဲ့ အသံတိုး/လျှော့ခလုတ်အပြင် ဂိမ်းကစားသူတွေအတွက် အထိအတွေ့သိ Shoulder Buttons နှစ်ခုပါ ထည့်ထားပါတယ်။

Photo: GSMArena

မျက်နှာပြင်အရွယ်အစား ၆.၆၅ လက်မ AMOLED panel ဟာ အထက်အောက် ဘောင်အပါးနဲ့ သပ်သပ်ရပ်ရပ် ထုတ်ထားပါတယ်။ Bezel တွေ Notch တွေ စိတ်ကုန်နေသူတွေ သဘောကျမယ့် ဒီဇိုင်းပါ။

ရှေ့ display အောက်မှာ optical fingerprint scanner နဲ့ အပေါ်ဘက်မှာ 8MP ဆယ်လ်ဖီကင်မရာ ပါရှိပါတယ်။ display ပုံရိပ်ဖော်မှုဟာ 144Hz အမြင့်စားနဲ့ လာသလို ဂိမ်းကစားမှုကို လုံးဝညက်ညောစေဖို့အတွက် 240Hz touch-sensing နည်းပညာလည်း ထည့်ထားပါတယ်။

Nubia Red Magic 5G ဟာ 5G modem ဖြစ်တဲ့ X55 Modem ပါရှိတဲ့ Snapdragon 865 processor နဲ့ လာပြီး RAM 8GB ကနေ 16GB အထိ ထည့်ထားပါတယ်။ ဈေးကွက်ထဲမှာ RAM ပမာဏအမြင့်ဆုံးဖုန်းဆိုလည်း မမှားပါဘူး။

Nubia ဟာ Red Magic 5G ကိုမှ Transparent Edition လည်း ထုတ်ထားပါတယ်။ ဒီ Edition ကတော့ ကျောဘက်ထွင်းဖောက်မြင် ဒီဇိုင်းမျိုး ဖြစ်ပြီး အတွင်းက Fans တွေ လည်နေတာပါ မြင်ရမှာပါ။

ကျောဘက်မှာ 64MP main sensor ဟာ 8MP ultra-wide နဲ့ 2MP macro ကင်မရာတွေနဲ့ ဖွဲ့စည်းထားလို့ ကင်မရာအနေနဲ့လည်း ဆွဲဆောင်မှုရှိတဲ့ ဂိမ်းဖုန်းလို့ ပြောနိုင်ပါတယ်။ ဘက်ထရီပါဝါအနေနဲ့ 4500 mAh သုံးထားပြီး 55W fast charging အမြန်အားသွင်းစနစ် ပါရှိပါတယ်။


Photo: yugatech

အနက်ရောင် ၊ အင်္ဂါဂြိုလ်အနီရောင်နဲ့ ဆိုင်ဘာနီယွန်ကာာလ ၃ ရောင်နဲ့ ထွက်ထားပါတယ်။ ဧပြီနောက်ပိုင်း ကမ္ဘာ့ဈေးကွက်ထဲဗားရှင်း ၄ မျိုးနဲ့ ဖြန့်ချိမှာပါ။ Transparent Edition 12GB/256GB မော်ဒယ်ကို ၄၅၉၉ ယွမ် (မြန်မာငွေ ၉ သိန်း ၁ သောင်းခွဲကျော်) နဲ့ 16GB/256GB မော်ဒယ်ကို ၅၁၉၉ ယွမ် ( မြန်မာငွေ ၁၀ သိန်း ၃ သောင်းခွဲ) ဈေး သတ်မှတ်ထားပါတယ်။

RAM 8GB/128GB ဗားရှင်းကို ၃၇၉၉ ယွမ် (မြန်မာငွေ ၇ သိန်းခွဲကျော်) ၊ RAM 12GB/128GB storage ဗားရှင်းကို ၄၀၉၉ ယွမ် (မြန်မာငွေ ၈ သိန်း ၁ သောင်းခွဲကျော်) ၊ RAM 12GB/256GB မော်ဒယ်ကို ၄၃၉၉ ယွမ် ( မြန်မာငွေ ၈ သိန်း ၇ သောင်းခွဲ) နဲ့ အမြင့်ဆုံး RAM 16GB / 256GB storage မော်ဒယ်ကို ၄၉၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က