high-end Gaming ဖုန်းပါ

၂၀၂၀ ထွက် အမြင့်ဆုံး processor နဲ့ ဂိမ်းကစားမှုအတွေ့အကြုံကို အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးမယ့် ဖုန်းသစ်တစ်မျိုးကို Asus က ကြေညာလိုက်ပါတယ်။

ROG Phone 3 ဟာ အရင်ထွက်ထားတဲ့ ဂိမ်းဖုန်းတွေထက် ပိုကောင်းတဲ့ မွမ်းမံမှုတွေနဲ့ ခေတ်မီဆန်းသစ်မှုတွေ သုံးလာတဲ့ ဖုန်းပါ။ ၆.၅၉ လက်မ AMOLED display ဟာ FHD+ resolution နဲ့ လာပြီး ဖုန်းတစ်လုံးအတွက် အမြင့်ဆုံး refresh rate ဖြစ်တဲ့ 144Hz သုံးထားပါတယ်။ ကျောဘက်မှာ ဂိမ်းကစားနေစဉ် လင်းနေမယ့် LED ROG logo လေးတစ်ခုလည်း ပါရှိပါတယ်။



Photo: xda-developers

5G support ပေးထားတဲ့ Snapdragon 865 Plus processor နဲ့ လာပြီး ဒေတာပေးပို့မှု အလွန်မြန်ဆန်တဲ့ UFS 3.1 စနစ် 512GB ROM Storage ၊ LPDDR5 16GB RAM အထိ ပံ့ပိုးထားပါတယ်။ ဖုန်းတစ်လုံးမှာ တွေ့ရခဲလှတဲ့ specs ဖြစ်ပြီး ဘက်ထရီကတော့ အရင်နှစ်က မော်ဒယ်အတိုင်း 6000mAh အကြီးစား သုံးထားပါတယ်။

Gaming Experience အတွက် သီးသန့်ထုတ်ထားတဲ့ ဖုန်းဖြစ်လို့ အသေးစိတ် ဒီဇိုင်းကအစ ဂိမ်းကစားမှုမှာ ချောမွေ့ညင်သာဖို့ ဒီဇိုင်း ထုတ်ထားတာပါ။ USB-C port ဟာ တစ်ခြားဖုန်းတွေလို အောက်ခြေမှာ မရှိဘဲ ဘေးဘောင်မှာ ထားရှိထားပါတယ်။ Landscape mode နဲ့ ဂိမ်းကစားနေချိန်အားသွင်းနိုင်ဖို့ ဖြစ်ပါတယ်။ ဖုန်းဘောင်တွေမှာ ရှိတဲ့ ဖိအားသိ ultrasonic AirTrigger တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကိုလည်း ၂ ခုကနေ ၅ ခုအထိ အဆင့်မြှင့်တင်မှု လုပ်ထားပါတယ်။


Photo: GSMArena

ရှေ့ဘက် notch-less display ထဲမှာ 24MP selfie ကင်မရာ ပါရှိပြီး ကျောဘက်မှာ 16MP resolution နှုန်းနဲ့ 2x lossless ဆွဲရိုက်နိုင်မယ့် 64MP Sony IMX686 sensor ၊ 13MP ultrawide နဲ့ 5MP macro lens တို့ ပါရှိပါတယ်။ main sensor ဟာ 8K video ကို 30fps နှုန်းနဲ့ ရိုက်ကူးနိုင်ပြီး 4K ဗွီဒီယိုတွေကို 120fps နှုန်းနဲ့ ဖမ်းယူနိုင်မယ်လို့ ဆိုပါတယ်။ 

ROG Phone 3 အမြင့်ဆုံးမော်ဒယ် RAM 16GB/512GB storage ကို ၁၀၉၉ ယူရို (မြန်မာငွေ ၁၇ သိန်းခွဲကျော်)ဈေးနဲ့ ရောင်းချသွားမှာပါ။ အိန္ဒိယဈေးကွက်မှာ ROG Phone 3 (RAM 3GB/256GB storage) ကို ၅၇၉၉၉ ရူပီး (မြန်မာငွေ ၁၀ သိန်း ၈ သောင်းခန့်) ဈေးနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က