dual camera နဲ့upper mid-ranger ဖုန်းပါ
Nyein Min Wai

Sony ရဲ့ mid-ranger သစ်ဖြစ်တဲ့ Xperia 8 ကတော့ ဂျပန်ဈေးကွက်မှာ ကြေညာသွားပြီ ဖြစ်ပါတယ်။


Xperia 8 ဟာ၂၀၁၉ အတွက် Sony ကနေ စပြီး တင်သွင်းလာတဲ့ 21:9 screen ဒီဇိုင်းအချိုးကို သုံးထားတဲ့ ဖုန်းဖြစ်ပြီး Xperia 10 နဲ့အတော်လေး ဆင်တယ်လို့ဆိုနိုင်ပါတယ်။ မတူတာက Xperia 8 မှာ ရှေ့ရောနောက်ပါ နောက်ဆုံးပေါ် အကြမ်းခံမှန်တွေဖြစ်တဲ့ Gorilla Glass 6 တွေ သုံးသွားတာပါ။


Photo: gizmochina

မျက်နှာပြင်အရွယ်အစားကတော့ Xperia 10 အတိုင်း ၆ လက်မ IPS LCD Triluminous display ဖြစ်ပြီး resolution အနေနဲ့1080 x 2520p ဖြစ်လို့အတော်လေး ရုပ်ထွက်ကောင်းတဲ့ ဖုန်းလို့ဆိုနိုင်ပါတယ်။ ကိုယ်ထည်အချိုးကို 21:9 သုံးသွားလို့အတော်လေး ရှည်လျားသွယ်ပျောင်းနေသလို လက်ထဲမှာလည်း ကိုင်လို့ကောင်းနေမှာပါ။

ဖုန်းညာဘက်ဘေးကိုယ်ထည်မှာ လက်ဗွေထည့်ထားတဲ့ power ခလုတ်နဲ့Side Sense အထိအတွေ့အာရုံခံစနစ်တွေ ပါလာပါတယ်။ Side Sense touch sensor တွေကို Xperia 1 နဲ့Xperia 5 တို့မှာလည်း မိတ်ဆက်ထားပါတယ်။ double tap နှစ်ချက် ထိလိုက်တာနဲ့အသုံးများတဲ့ apps တွေနဲ့Settings ထဲ ဝင်လို့ရမှာပါ။

ကျောဘက်မှာ အလျားလိုက် dual camera setup ပါလာပြီး ကင်မရာတွေကိုတော့ 12MP main lens နဲ့f/2.4 အပါချာသုံးထားတဲ့ 8MP depth sensor ဆိုပြီး သုံးလာပါတယ်။ ဒီကင်မရာတွေဟာ 2x optical zoom ဆွဲရိုက်တာ ၊ 4K Video ရိုက်ကူးမှုကို EIS ရုပ်ငြိမ်စနစ်နဲ့ဖမ်းတာအပြင် slow-motion ဗွီဒီယိုတွေကို 120fps နှုန်းနဲ့ပါ ရိုက်ကူးနိုင်မှာပါ။

ရှေ့ဘက်မှာ 8MP ဆယ်လ်ဖီကင်မရာသုံးထားပြီး အသံအရည်အသွေးကောင်းမွန်တဲ့ Sony ထုတ် LDAC ကြိုးမဲ့အသံနည်းပညာသုံး 3.5mm နားကြပ်နဲ့LED noti light တွေ ပါရှိပါတယ်။ 2760mAh ဘက်ထရီဟာ LCD display သုံး ဖုန်းတစ်လုံးအတွက် သိပ်နည်းတယ်လို့ပြောလို့မရပါဘူး။ အားသွင်းချိန်မှာတော့ 18W fast charging ပါလို့အားသွင်းရ မြန်ဆန်နေမှာပါ။

Photo: mysmartprice

Sony Xperia 8 ဟာ ရေစိုခြင်းနဲ့ဖုန်တင်ခြင်းကို IP65/68 rating ခံနိုင်ရည် ရှိတဲ့ ဖုန်းတစ်လုံးဖြစ်လို့တော်ရုံနဲ့ရေဝင် ဖုန်ဝင်လို့ဖုန်းထိမှာ စိတ်မပူရပါဘူး။ Android စနစ်အနေနဲ့Android 9 Pie OS ပေါ်မှာမှ Xperia UI နဲ့လာပြီး အနက် ၊ အဖြူ ၊ လိမ္မော် နဲ့အပြာ ကာလာ ၄ ရောင်နဲ့ဝယ်ယူနိုင်မှာပါ။

လောလောဆယ် ဂျပန်ဈေးကွက်ထဲပဲ ဝင်ထားတာ ဖြစ်ပြီး ဈေးနှုန်း ဂျပန်ယန်း ၅၄၀၀၀ ( မြန်မာငွေ ၇ သိန်း ၇ သောင်းခန့်) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုုပါတယ်။


က္က