refresh rate က ဆွဲဆောင်မှု အရှိဆုံးပါ
Nyein Min Wai

ကမ္ဘာ့ပထမဆုံး 240Hz refresh rate သုံးထားတဲ့ စမတ်ဖုန်းကို ထိုင်ဝမ်ဈေးကွက်မှာ ရောင်းချနေပြီ ဖြစ်ပါတယ်။

Sharp Aquos Zero 2 ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲက မိတ်ဆက်ခဲ့ပြီး ဂျပန်တစ်နိုင်ငံတည်းမှာပဲ စတင်ရောင်းချခဲ့တဲ့ ဖုန်းပါ။ mainstream brand မဟုတ်ပေမယ့် Sharp ဟာ Aquos Zero 2 မှာ ထူးထူးခြားခြား ဆန်းသစ်မှုတွေ ထည့်သွင်းခဲ့တာလို့ ဆိုနိုင်ပါတယ်။ Aquos Zero 2 မှာ သုံးတဲ့ 240Hz Refresh Rate ဟာ top-end Gaming laptops တွေမှာပဲ တွေ့ရတဲ့ features ပါ။


Photo: Gizmochina

မျက်နှာပြင် ၆.၄ လက်မဟာ FHD+ OLED display နဲ့ လာပြီး မှန်ပြင်အောက်မှာ လက်ဗွေစနစ် ထည့်ထားပါတယ်။ waterdrop notch ပါ display ကိုတော့ Gorilla Glass 6 အုပ်ထားပါတယ်။ notch ထဲမှာ 8MP selfie ပါရှိပြီး ကျောဘက်မှာ ထောင်လိုက်ပုံစံနဲ့ OIS ရုပ်ငြိမ်စနစ်ပါ 12MP primary sensor နဲ့ 20MP ultrawide sensor တွေ သုံးထားပါတယ်။ ဘက်ထရီပါဝါဟာ 240Hz refresh rate ပါ Gaming phone တစ်လုံးအတွက် နည်းတယ်လို့ ဆိုနိုင်တဲ့ 3130mAh ဖြစ်ပါတယ်။

၂၀၁၉ ထွက် high-end ဖုန်း ဖြစ်တဲ့အတိုင်း Sharp Aquos Zero 2 ဟာ Snapdragon 855 SoC နဲ့ လာပါတယ်။ RAM 8GB/256GB storage ပါရှိပြီး Android 10 စနစ်သုံးထားပါတယ်။ Sharp Aquos Zero 2 ကို အနက်နဲ့ အဖြူ နှစ်ရောင်နဲ့ မိတ်ဆက်ထားပါတယ်။ ထိုင်ဝမ်ဈေးကွက်မှာ ထိုင်ဝမ်ဒေါ်လာ ၂၁၉၉၀ (မြန်မာငွေ ၁၀ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ


က္က