ဧရာမဘက်ထရီပါဝါသုံးထားပါတယ်

တရုတ်ဈေးကွက်ထဲ အသစ်မိတ်ဆက်လိုက်တဲ့ Huawei ထုတ်ကုန်တွေထဲမှာ မြန်မာငွေ ၄ သိန်းခွဲကျော်တန် Huawei MatePad 10.8 သစ်လည်း ပါဝင်လာပါတယ်။

Huawei MatePad 10.8 ဟာ 2K Resolution ရုပ်ထွက်ပံ့ပိုးထားတဲ့ display ၊ Flagship processor နဲ့ အကြီးစား ဘက်ထရီ သုံးထားတဲ့ တက်ဘလက်သစ် ဖြစ်ပါတယ်။ နာမည်အတိုင်း မျက်နှာပြင်အရွယ်အစား ၁၀.၈ လက်မ IPS LCD display ပါရှိပြီး 1600 x 2560px ရုပ်ထွက် ပါရှိပါတယ်။ 




Photo: gizmochina

Keyboard နဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်အောင်လည်း pogo-pin slots တွေ ထည့်ပေးထားသလို display မှာလည်း M-Pencil stylus ပံ့ပိုးထားပါတယ်။ Kirin 990 SoC အမြင့် သုံးထားပြီး RAM 6GB နဲ့ 256GB storage အထိ ထွက်ထားပါတယ်။ ဘက်ထရီပါဝါ 7500 mAh အကြီးစားဟာ 22.5W fast charging အထောက်အပံ့ပေးထားပါတယ်။

USB C port ကနေ အားသွင်းနိုင်မှာ ဖြစ်ပြီး 3.5mm headphone jack လည်း ပါဝင်ပါတယ်။ Huawei MatePad 10.8 ဟာ Harman Kardon ထုတ် စပီကာလေးလုံးတပ်ဆင်ထားပြီး Histen 6.1 အသံလုပ်ဆောင်ချက်တွေ ပံ့ပိုးထားပါတယ်။ ရှန်ပိန်ရွှေရောင်နဲ့ ငွေရောင်အမှိုင်းကာလာ ၂ မျိုးနဲ့ ထွက်ထားပြီး fingerprint scanner တပ်ဆင်ထားပါတယ်။

Photo: gizchina


ရှေ့ဘက် 8MP ကင်မရာနဲ့ ကျောဘက်မှာ 13MP ကင်မရာ သုံးထားပြီး Androrid 10 ကို အခြေခံထားတဲ့ EMUI 10.1 စနစ်နဲ့လာပါတယ်။ လောလောဆယ် WiFi 6+ support ပေးထားတဲ့ ဗားရှင်းတစ်မျိုးထဲ ထွက်ထားပြီး 6/64GB ဗားရှင်းကို ယွမ် ၂၄၀၀ (မြန်မာငွေ ၄ သိန်းခွဲကျော်) နဲ့ 128GB ‌ဗားရှင်းကို ယွမ် ၂၈၀၀ (မြန်မာငွေ ၅ သိန်း ၄ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။

RAM 6GB/256GB storage (keyboard ပါ) ဗားရှင်းကို ယွမ် ၃၆၀၀ (မြန်မာငွေ ၇ သိန်းခန့်) ဈေးသတ်မှတ်ထားပြီး LTE မော်ဒယ် 6GB/128GB ဗားရှင်းကတော့ ယွမ် ၃၂၀၀ (မြန်မာငွေ ၆ သိန်းကျော်) ကျသင့်မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က