မြန်မာငွေ ၆ သိန်း ဝန်းကျင်တန် ဖုန်းပါ

S series အနေနဲ့Vivo ကနေ ပထမဆုံး မိတ်ဆက်လိုက်တဲ့ Vivo S1 ကို ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းလောက်က မြင်ခဲ့ရပြီးနောက် Pro ဗားရှင်းကို မေလဆန်းမှာ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Photo: Firstpost



         မေလ ၄ ရက်နေ့က မိတ်ဆက်လိုက်တဲ့ Vivo S1 Pro မှာတော့ အရင်ထွက်ထားတဲ့ Vivo S1 နဲ့ဒီဇိုင်းချင်း ဆင်ပေမယ့် ကင်မရာ ၊ display နဲ့processor စတဲ့ hardware ပိုင်းတွေမှာ အဆင့်မြှင့်ထားတာ တွေ့ရပါတယ်။ မျက်နှာပြင် ၆.၃၉ လက်မဟာ အရင် Vivo S1 ထက် နည်းနည်း ပိုသေးသွားပေမယ့် မှန်ပြင်အောက် လက်ဗွေစနစ် သုံးနိုင်ဖို့Super AMOLED display နဲ့လာတာပါ။

         notch မသုံးဘဲ ဘေးဘောင်ပါးပါးနဲ့မှန်ပြင်ကို နေရာပိုချဲထားနိုင်စေဖို့pop-up ဆယ်လ်ဖီကင်မရာကို အရင် Vivo S1 မှာလို သုံးထားပါတယ်။ processor မှာ Helio မဟုတ်တော့ဘဲ Snapdragon 675 SoC နဲ့လာပြီး RAM ကို 6GB နဲ့8GB ဆိုပြီး နှစ်မျိုး ထွက်ထားတာပါ။ RAM 6 GB ဟာ 256GB storage ပါပြီး RAM 8GB မှာ 128GB ပါတာကတော့ ထူးခြားပါတယ်။

         ကင်မရာအနေနဲ့ကျောဘက်ကင်မရာ ၃ လုံးတွဲစနစ်ကိုပဲ သုံးထားပေမယ့် 48MP main ကင်မရာ ၊ 8MP wide-angle ကင်မရာနဲ့5MP depth sensor သုံးခု ဖြစ်လာပါတယ်။ ဒီကင်မရာ သုံးလုံးတွဲစနစ်ဟာ Panorama ၊ Beauty ၊ Photo ၊ Video နဲ့AR Shoot တွေ ရိုက်နိုင်မှာပါ။ ဆယ်လ်ဖီကင်မရာမှာလည်း အရင် Vivo S1 မှာ 25MP ကင်မရာကို သုံးခဲ့ပြီး Pro မော်ဒယ်ကတော့ 32MP ကင်မရာနဲ့လာတာပါ။

Photo: phoneradar

         ဘက်ထရီပါဝါ 3700 mAh ဟာ microUSB port ကနေ အားသွင်းရမှာ ဖြစ်လို့အားသွင်းရာမှာတော့ အချိန်ပိုယူရဖို့ရှိပါတယ်။ S1 Pro ဟာ အပြာနဲ့အနီကာလာ ၂ ရောင်နဲ့လာပြီး တရုတ်မှာ ၂၆၉၈ ယွမ် (မြန်မာငွေ ၆ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုတာကြောင့် upper mid-range တစ်လုံးအနေနဲ့အတော့်ကို ဈေးသင့်တယ်လို့ပြောရမှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က