triple lens သုံးတဲ့ ဖုန်းပါ
Nyein Min Wai

     အိန္ဒိယဈေးကွက်အတွက် Vivo ရဲ့ brand new ဖုန်းသစ်တစ်လုံး မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

         Vivo Z1 Pro ဟာ punch hole ကင်မရာပေါက်စနစ် သုံးထားတဲ့ စမတ်ဖုန်းဖြစ်ပြီး မျက်နှာပြင် ၆.၅၃ လက်မ IPS LCD display နဲ့လာပါတယ်။ ဒီဖုန်းဟာ Vivo ဖုန်းတွေထဲမှာ ဒုတိယမြောက် punch hole display သုံး စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ ကင်မရာပေါက်ဟာ ဖုန်း display ရဲ့ အပေါ် ဘယ်ထောင့်မှာ ရှိပြီး ကင်မရာဟာ 32MP ပါ။

Photo: news18

         လူငယ်စမတ်ဖုန်း users တွေကို ပစ်မှတ်ထားပြီး ထုတ်ထားတဲ့ ဖုန်းဖြစ်လို့Vivo Z1 Pro ဟာ ဒီဇိုင်းပိုင်းမှာ လူငယ်အကြိုက် ပေါ့ပါး သစ်လွင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီနေ့ခေတ် မိုဘိုင်းလ် ဂိမ်းကစားသူ လူငယ်တွေအတွက် Gaming Experience ပိုင်းမှာ အဆင့်မြင့်မြင့် ခံစားနိုင်စေဖို့4D Vibration နဲ့3D ပတ်ပတ်လည် အသံစနစ်တို့ပါဝင်တဲ့ Game MOde 5.0 စနစ်လည်း ဒီဖုန်းမှာ သုံးထားပါတယ်။

         Multi Turbo လို့ခေါ်တဲ့ ဖုန်းသုံးချိန်မှာ မြန်ဆန်သွက်လက်စေမယ့် Turbo နည်းပညာတွေဖြစ်တဲ့ Center Turbo ၊ AI Turbo ၊ Net Turbo ၊ Cooling Turbo စတဲ့ Turbo features တွေ ပါလာပါတယ်။ Mid-range ဖုန်းတစ်လုံးအတွက် Vivo Z1 Pro ရဲ့ စိတ်ဝင်စားစရာ hardware spec တစ်ခုကတော့ Snapdragon 712 Processor သစ်ကို သုံးထားတာ ဖြစ်ပါတယ်။         

         ဒီ processor သစ်ဟာ octa-core Kryo 360 CPU နဲ့Adreno 616 GPU သုံးထားပြီး 4K ဗွီဒီယိုတွေကို 30fps နှုန်းနဲ့ရိုက်ကူးနိုင်မှာပါ။ Snapdragon 712 processor သစ်ဟာ Snapdragon X15 LTE modem လည်း သုံးထားတာာ ဖြစ်လို့download speed မှာ 800Mbps နှုန်းအထိ ပံ့ပိုးပေးနိုင်မယ်လို့ဆိုပါတယ်။ RAM အနေနဲ့4GB/64GB ၊6GB/64GB နဲ့6GB/128GB ဆိုပြီး အမျိုးအစား သုံးမျိုးနဲ့ထုတ်ထားပါတယ်။

Photo: Firstpost

         Triple lens တွေ ခေတ်စားလာတဲ့ စမတ်ဖုန်းရေစီးကြောင်းမှာ Vivo Z1 Pro ဟာ triple lens စနစ်ဖြစ်တဲ့ 16MP ပင်မကင်မရာ ၊ 8MP super wide-angle lens နဲ့2MP bokeh ကင်မရာ သုံးမျိုး သုံးထားပါတယ်။ Vivo Z1 Pro ရဲ့ key feature တစ်ခုက 18W fast charging အားသွင်းစနစ်ပါတဲ့ 5000 mAh ဘက်ထရီပါ။ ဘက်ထရီပါဝါဟာ mid-range ထဲမှာရော စမတ်ဖုန်းဈေးကွက်ထဲမှာပါ အကြီးဆုံးတန်းဝင်သလို တစ်ခြားဖုန်းတွေအတွက် ပါဝါ bank တစ်ခုလို လုပ်နိုင်မယ့် Reverse Charging နည်းပညာ ပါပါတယ်။

         Android 9 Pie ကို အခြေခံပြီး FunTouch OS 9 နဲ့လာတဲ့ ဒီဖုန်းဟာ Sonic Black ၊ Sonic Blue နဲ့Mirror Black ကာလာ ၃ ရောင်နဲ့လာပါတယ်။ အနိမ့်ဆုံး မော်ဒယ်ကို ၁၄၉၉၀ ရူပီး ( မြန်မာငွေ ၃ သိန်း ၃ သောင်းခန့်) ကနေ အမြင့်ဆုံး မော်ဒယ်ကိုတော့ ၁၇၉၉၀ ရူပီး ( မြန်မာငွေ ၄ သိန်း နီးပါး) ဈေးနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ


က္က