triple lens နဲ့လာတဲ့ mid-ranger ပါ

mid-range ဖုန်းစီးရီးဆိုပေမယ့် triple lens နဲ့လာတဲ့ ဖုန်းသစ်တစ်မျိုးကတော့ Honor 20i ပဲ ဖြစ်ပါတယ်။

Photo: GSMArena



         တရုတ်ဈေးကွက်မှာ စတင်မိတ်ဆက်ခဲ့တဲ့ Honor 20i ဟာ Honor P30 စတိုင် waterdrop notch နဲ့triple lens သုံးထားတဲ့ ဖုန်းဖြစ်ပြီး မျက်နှာပြင် ၆.၂၁ လက်မ LCD display နဲ့လာပါတယ်။ 2.5D curved glass display သုံးထားတဲ့ ဒီဖုန်းဟာ 2340 x 1080p ရုပ်ထွက်ပါရှိပြီး storage ၃ မျိုးနဲ့ဖြန့်ချိထားတာပါ။

         ဒီဖုန်းမှာ သုံးထားတဲ့ processor ကတော့ octa-core Kirin 710 processor ဖြစ်ပြီး 4GB/128GB ၊ 6GB/64GB ၊ 6GB/128GB နဲ့6GB/256GB ဗားရှင်း ၄ မျိုး ထွက်ထားပါတယ်။ လောလောဆယ် Huawei ရဲ့ အွန်လိုင်းစတိုး ဖြစ်တဲ့ Vmall မှာတော့ 128GB ဗားရှင်း တင်မထားသေးဘူးလို့ဆိုပါတယ်။ Honor 20i ရဲ့ အားနည်းချက်တစ်ခုက old dated ဖြစ်နေတဲ့ micro USB 2.0 Port နဲ့လာတာပါ။

         အားသာချက်ကတော့ ကင်မရာဖြစ်ပါတယ်။ Honor 20i ဟာ 24MP primary camera နဲ့အတူ 2MP telelens နဲ့8MP ultra-wide ကင်မရာတွေ သုံးထားပါတယ်။ ကျောဘက်မှာပဲ fingerprint scanner သုံးထားပြီး ရှေ့မှာ 32MP selfie ကင်မရာ ပါလာပါတယ်။ ဒီကင်မရာဟာ HDR ၊ portrait mode နဲ့Face Unlock စနစ်တွေ သုံးနိုင်မယ့် ကင်မရာလည်း ဖြစ်ပါတယ်။

Photo: Unbox PH

         Android 9 Pie ပေါ် အခြေခံထားတဲ့ EMUI 9.0 စနစ်ကို သုံးထားပြီး ဘက်ထရီအားနည်းချက်အနေနဲ့fast charging မပါတာပါပဲ။ ဘက်ထရီပါဝါကတော့ 3400 mAh ဖြစ်ပြီး Gradient Blue, Gradient Red, Midnight Black ကာလာ ၃ ရောင်နဲ့ဈေးကွက်ထဲ ဝင်ထားပါတယ်။

         တရုတ်ဈေးကွက်မှာ 4GB/128GB နဲ့6GB/64GB မော်ဒယ်တွေကို ၁၅၉၉ ယွမ် ( မြန်မာငွေ ၃ သိန်း ၆ သောင်းခန့်) နဲ့ရောင်းချသွားမှာ ဖြစ်ပြီး အမြင့်ဆုံးမော်ဒယ်ယ RAM 6GB/256GB ဗားရှင်းကို ၂၁၉၉ ယွမ် ( မြန်မာငွေ ၅ သိန်းခန့်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။ Global Launch အနေနဲ့လာမယ့် မေ ၂၁ ရက်နေ့လန်ဒန်မှာ မိတ်ဆက်သွားဖို့လည်း ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က