တရုတ်ဈေးကွက်ထဲ ရောင်းနေတဲ့ ဖုန်းပါ
Nyein Min Wai

     slider cameras စနစ်ကို အခြေပြုပြီး ဘောင်ပျောက်တဲ့ ဖုန်းအဖြစ် မိတ်ဆက်လိုက်တာကတော့ Honor Magic 2 3D ဖုန်းပဲ ဖြစ်ပါတယ်။

         ၂၀၁၈ အကုန်ပိုင်းက Honor ရဲ့ flagship ဖုန်းမော်ဒယ်ဖြစ်တဲ့ Honor Magic 2 ကို မိတ်ဆက်ခဲ့ပြီနောက် ၂၀၁၉ နှစ်ဆန်းပိုင်းမှာ ဗားရှင်းသစ်အဖြစ် အဆင့်မြှင့်တင်မှုတွေ ပါဝင်လာတဲ့ 3D ဗားရှင်းကို ကြေညာလာတာပါ။ Honor Magic 2 3D ဟာ သူ့နာမည်မှာ ဖော်ပြထားတဲ့ အတိုင်း အဆင့်မြင့် မျက်နှာပြင်ဖတ်စနစ်နဲ့အလင်းမလိုဘဲ depth sensing ကို ပိုကောင်းစေမယ့် 3D ကင်မရာစနစ်ပါလာတာ ဖြစ်ပါတယ်။

Photo: appuals

         ဒီဇိုင်းပိုင်းမှာ အရင် Honor Magic 2 အတိုင်း 19.5:9 သုံးထားတဲ့ ၆.၃၉ လက်မ AMOLED screen နဲ့လာပြီး မှန်ပြင်အောက်မှာ လက်ဗွေဖတ်စနစ်ကို သုံးထားပါတယ်။ ဒီဖုန်းဟာ screen ပြင်ကို ချဲ့ဖို့နဲ့ရှေ့ကင်မရာထားဖို့အတွက် notch နဲ့punch hole တွေ မသုံးဘဲ လက်နဲ့ဆွဲထုတ်နိုင်တဲ့ manual slider စနစ်ကို ပြောင်းလဲ အသုံးပြုလာတာ ဖြစ်ပါတယ်။

         ထူးခြားတာက ဒီဖုန်းရဲ့ ရှေ့ကင်မရာ ၃ လုံးဟာ slider ထဲမှာ ထည့်ထားတာ ဖြစ်ပြီး ကျောဘက်ကင်မရာ ၃ လုံးနဲ့ဆိုရင် စုစုပေါင်း ကင်မရာ ၆ လုံးအထိ ပါလာမှာ ဖြစ်ပါတယ်။ ပြောရရင် Honor Magic 2 ဟာ ကမ္ဘာပေါ်မှာ ကင်မရာ ၆ လုံးစနစ်ကို ပထမဆုံး သုံးတဲ့ ဖုန်းလို့တောင် နာမည်တပ်ခေါ်နိုင်တဲ့ ဖုန်းပါ။ Magic 2 ရဲ့ အမြင့်ဆုံး RAM 8GB/512GB မော်ဒယ်မှာဆို အလင်းနဲ့ပုံဖော်တဲ့ 3D ဇီဝအာရုံခံနည်းပညာဖြစ်တဲ့ 3D Photosensitive Edition ကို သုံးထားတယ်လို့ဆိုပါတယ်။

         ကျောဘက်မှာ 16MP+24MP+16MP ဆိုပြီး ထောင်လိုက်ကင်မရာ သုံးလုံးတွဲစနစ်ကို သုံးထားပြီး ရှေ့ဘက်ကင်မရာ ၃ လုံးတွဲ နည်းပညာက ပိုပြီး ထူးခြားနေပါတယ်။ slider ကင်မရာစနစ်ထဲမှာ Honor Magic 2 3D ဟာ 16MP နဲ့2MP အရန် depth sensor အပြင် 3D scanner တစ်ခု ပါလာပါတယ်။ ဒီ 3D sensor ဟာ စမတ်ဖုန်းကို unlock လုပ်ဖို့မျက်နှာပြင်ပေါ်က အမှတ်အသားပေါင်း ၁၀၀၀၀ သုံးထားတာကြောင့် ဖုန်းကို ဖွင့်ဖို့အလုံခြုံဆုံးနည်းပညာလို့ဆိုနိုင်ပါတယ်။ ဒါတင်မဟုတ်ဘဲ ဒီနည်းပညာကို app တွေကို လုံခြုံမှုရှိရှိနဲ့ဖွင့်ရာမှာပါ သုံးနိုင်ပါတယ်။

Photo: NDTV Gadgets

         performance ပိုင်းအရ Kirin 980 chipset နဲ့လာပြီး ဖုန်းကို အကြာကြီး ဂိမ်းဆော့ရာမှာ ဖုန်းအပူထုတ်လွှတ်မှု လျှော့ချပေးမယ့် graphene cooling solution ပါလာပါတယ်။ ဒီအအေးပေးစနစ်ကြောင့် Honor Magic 2 ဟာ ဆက်တိုက်ဂိမ်းဆော့တာ ဖုန်းကြာကြာ သုံးရာတွေမှာ performance ကို ပိုကောင်းစေ တက်စေမှာပါ။ နောက်ထပ် စိတ်ဝင်စားစရာတစ်ခုက 40W SuperCharge နည်းပညာနဲ့လာတဲ့ 3500 mAh ဘက်ထရီကို သုံးထားတာ ဖြစ်လို့ဖုန်းအားသွင်းရာမှာ အတော်လေးကို မြန်ဆန်နေမှာ ဖြစ်ပါတယ်။

         Honor Magic 2 3D မော်ဒယ်ကို တရုတ်ဈေးကွက်မှာ ရောင်းချနေပြီး ဈေးနှုန်းကတော့ တရုတ်မှာ ၅၇၉၉ ယွမ် (မြန်မာငွေ ၁၃ သိန်းနဲ့အထက်) မှာ ရှိပြီး တရုတ်ပြင်ပဈေးကွက်ကို ဘယ်အချိန် မိတ်ဆက်မလဲဆိုတာ မသိရသေးပါဘူး။

      


ဆက်စပ်အကြောင်းအရာများ


Author


က္က