ကင်မရာအသားပေး mid-ranger ဖုန်းပါ

Vivo ဟာ ကင်မရာအသားပေး 5G ဖုန်းတစ်လုံးကို တရားဝင် မိတ်ဆက်ကြေညာလိုက်ပါတယ်။

Vivo S7 5G ဟာ Mega Pixels မြင့် ကင်မရာတွေ သုံးထားတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး ရှေ့နောက် စုစုပေါင်း ကင်မရာ ၅ လုံး ပါရှိပါတယ်။ ရှေ့ဘက် dual selfie ကင်မရာအတွက် notch display အမျိုးအစား သုံးထားပြီး ကျောဘက်မှာ ထောင်လိုက်စတုဂံကင်မရာကွက်နဲ့အတူ Triple Lens စနစ်ကို သုံးထားပါတယ်။



Photo: GSMArena

ဒီဖုန်းရဲ့ အဓိက အသားပေး feature တစ်ခုက ဓါတ်ပုံနဲ့ ဗွီဒီယိုရိုက်ကူးမှု စနစ် ဖြစ်ပါတယ်။ ရှေ့ notch display ထဲမှာ autofocus lens ပါ 44MP main sensor နဲ့ ၁၀၅ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 8MP sensor ပါရှိပါတယ်။ main sensor ဟာ 4K video တွေကို 60fps နှုန်းနဲ့ ရိုက်ကူးနိုင်မှာပါ။ 

ကျောဘက်မှာ သုံးထားတဲ့ 64MP main sensor ဟာ Super Night modes သစ်နဲ့အတူ Electronics Video Stabilization စနစ်လည်း ပံ့ပိုးထားပါတယ်။ အရှေ့နဲ့ အနောက် ကင်မရာတွေကို သုံးပြီး တစ်ပြိုင်နက်တည်း ဗွီဒီယိုရိုက်ကူးနိုင်ပြီး ရိုက်ထားတဲ့ မြင်ကွင်းကို Split-screen နဲ့ ခွဲပြနိုင်မှာပါ။ main sensor နဲ့အတူ macro camera လိုရော ultrawide အဖြစ်ပါ သုံးနိုင်မယ့် 8MP ကင်မရာ နဲ့ 2MP depth sensor တို့ ပါရှိပါတယ်။


Photo: NDTV Gadgets 360

မျက်နှာပြင် အရွယ်အစား ၆.၄၄ လက်မ AMOLED display ပါရှိတဲ့ ဒီဖုန်းဟာ HDR suppot ပေးထားပြီး in-display လက်ဗွေနည်းပညာ သုံးထားပါတယ်။ SA/NSA dual-mode 5G ပံ့ပိုးထားတဲ့ Snapdragon 765G processor နဲ့ လာပြီး RAM 8GB ပါရှိပါတယ်။ storage ကိုတော့ 128GB နဲ့ 256GB နှစ်မျိုး ထွက်ထားပါတယ်။ 

Vivo S7 5G ဟာ 33W Fast charging ပံ့ပိုးထားတဲ့ 4000mAh ဘက်ထရီနဲ့ လာပြီး 3.5mm headphone jack တော့ မပါရှိပါဘူး။ Jazz Black ၊ Monet နဲ့ Moonlight White ကာလာ ၃ ရောင်နဲ့ လာပြီး 128GB storage ဗားရှင်းကို ၂၇၉၈ ယွမ် (မြန်မာ‌ငွေ ၅ သိန်းခွဲခန့်) နဲ့ 256GB storage ဗားရှင်းကို ၃၀၉၈ ယွမ် (မြန်မာငွေ ၆ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က