fingerprint scanner မပါတော့ပါဘူး။
Nyein Min Wai

ကျောဘက်ကင်မရာ ၃ လုံး ပါပြီး အကြီးစား ဘက်ထရီပါဝါနဲ့တန်ဖိုးနည်းဖုန်းတစ်လုံးကို Honor က ကြေညာသွားပါတယ်။

Honor Play 3 ဟာ Honor 20S နဲ့အတူ မိတ်ဆက်လိုက်တဲ့ entry-level ဖုန်းတစ်လုံး ဖြစ်ပြီး punch hole ကင်မရာ ဒီဇိုင်းနဲ့ထွက်လာတာပါ။ ခေတ်ပေါ် မှန်ပြင်ပြည့် ဖုန်းတစ်လုံးရဲ့ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့လာပေမယ့် fingerprint scanner ကို မသုံးထားတာ ထူးခြားနေပါတယ်။

Photo: Huawei Central

မျက်နှာပြင် ၆.၃၉ လက်မ IPS LCD display သုံးထားပြီး resolution အနေနဲ့720 x 1560px ဖြစ်ပါတယ်။ screen ကိုတော့ အစင်းခြစ်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ အလူမီနိုဆီလီကိတ်မှန်အုပ်ထားပါတယ်။ တရားဝင်ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ screen နဲ့ဖုန်းကိုယ်ထည်အချိုးဟာ ၉၀% လို့ဆိုပါတယ်။

Honor Play 3 ဟာ entry level တန်းနဲ့ထွက်လာတာ ဖြစ်ပေမယ့် Kirin 710F processor လို အလတ်တန်းစား processor သုံးထားပြီး RAM 4GB နဲ့6GB ဆိုပြီး နှစ်မျိုး ထွက်ရှိထားပါတယ်။ storage ကိုတော့ 64GB အပြင် 128GB လည်း ရရှိနိုင်ပြီး microSD card slot ပေးထားလို့storage ထပ်တိုးလို့ရမှာပါ။

ကင်မရာဟာ Honor Play 3 ရဲ့ ဆွဲဆောင်မှု ရှိတဲ့ အပိုင်း ဖြစ်ပါတယ်။ ကျောဘက်မှာ ထောင်လိုက်အနေအထားနဲ့48MP ကင်မရာ ၊ ၁၂၀ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 8MP ultra-wide ကင်မရာနဲ့2MP Macro ကင်မရာဆိုပြီး ကင်မရာ ၃ လုံး ပါရှိပါတယ်။ ရှေ့ဘက် punch hole ထဲမှာ သုံးထားတာက 8MP ကင်မရာ ဖြစ်ပြီး Face Unlock စနစ်နဲ့ဖုန်း လော့ခ် အဖွင့်အပိတ် လုပ်နိုင်မှာပါ။

Photo: gsmarena

Android 9 Pie ကို အခြေခံထားတဲ့ Magic UI 2.1 စနစ်ကို သုံးထားပြီး micro USB ကြိုးကနေ အားသွင်းနိုင်မယ့် 4000 mAh ဘက်ထရီ ပါရှိပါတယ်။ ကျောဘက်မှာ V ပုံစံ ကာလာ patternဆန်း သုံးထားပြီး အရောင်အနေနဲ့Magic Night Black ၊ Aurora Blue နဲ့Charm Red ကာလာ ၃ ရောင်နဲ့ထွက်ထားပါတယ်။

Honor Play 3 ကို တရုတ်ဈေးကွက်မှာ 4/64GB မော်ဒယ်ကို ယွမ် ၁၀၀၀ ( မြန်မာငွေ ၂ သိန်း ၁ သောင်းခန့်) ၊ 6/64GB နဲ့4GB/128GB မော်ဒယ်ကို ယွမ် ၁၃၀၀ ( မြန်မာငွေ ၂ သိန်း ၈ သောင်းခန့်) ဈေးနဲ့ဝယ်ယူနိုင်မယ်လို့ဆိုပါတယ်။


က္က