မြန်မာဈေးကွက်မှာ ပထမဆုံး မိတ်ဆက်ထားတာပါ

MediaTek Helio G80 SoC သုံး ကမ္ဘာ့ပထမဆုံးဖုန်းတစ်လုံးဖြစ်တဲ့ Realme 6i ကို ပြည်တွင်းဈေးကွက်မှာ မိတ်ဆက်ခဲ့ပါတယ်။



Realme 6i ဟာ ပြီးခဲ့တဲ့ ၂ လလောက်က ထွက်ထားတဲ့ Realme 5i ရဲ့ အဆက် ဖြစ်ပြီး မြန်မာပြည်ဈေးကွက်မှာ အရင်ဆုံး မိတ်ဆက်သွားတာပါ။ Memory Version အဖြစ် 3GB/64GB နဲ့ 4GB/128GB ဆိုပြီး နှစ်မျိုး ထွက်ထားပါတယ်။ ဒီဖုန်းရဲ့ ကျောဘက်ဒီဇိုင်းကို ဂျပန်နိုင်ငံက စက်မှုဒီဇိုင်းပညာရှင် နာအိုတို ဖူကာဆာဝါက ဖန်တီးပေးထားတာလို့ GSMArena သတင်းက ဖော်ပြထားပါတယ်။

Photo: GSMArena


ဖုန်းကျောဘက်မှာ ထောင်လိုက် texture စင်းတွေနဲ့ လာပြီး fingerprint scanner နဲ့ လေးလုံးတွဲကင်မရာဒီဇိုင်း သုံးထားပါတယ်။ နောက်ထပ် ထူးခြားတာက အရောင်တွေ ဖြစ်ပါတယ်။ Realme 6i ဟာ ထူးထူးခြားခြား White Milk နဲ့ Green Tea ကာလာ ၂ ရောင်နဲ့ ထွက်ထားတဲ့ ဖုန်းပါ။

မျက်နှာပြင် ၆.၅ လက်မ HD+ display ဟာ resolution အနေနဲ့ 720 x 1600p ရုပ်ထွက် ပါရှိပြီး Screen-To-Body အချိုး ၈၉.၈% သုံးထားတယ်လို့ ဆိုပါတယ်။ waterdrop notch ထဲမှာတော့ 16MP AI Selfie ကင်မရာ ပါရှိပါတယ်။ ဘက်ထရီပါဝါဟာ 5000 mAh အကြီးစား ဖြစ်ပြီး USB-C port ကနေ တစ်ဆင့် အားသွင်းနိုင်မှာပါ။ Realme 5i လိုပဲ တစ်ခြားဖုန်းတွေကိုပါ Reverse Wired Charging support ပေးနိုင်မှာ ဖြစ်ပါတယ်။


Photo: Realme Myanmar


ကျောဘက်ထောင်လိုက်ကင်မရာ လေးလုံးမှာ 48MP ကို ပင်မကင်မရာအဖြစ် သုံးထားပြီး 8MP ultrawide ၊ 2MP portrait နဲ့ 2MP Macro ကင်မရာဆိုပြီး ပါရှိပါတယ်။ Realme 6i ဟာ Android 10 ကို Realme UI သုံးထားပြီး ဂရပ်ဖစ်ပိုင်းအတွက် Mali G52 GPU နဲ့ လာပါတယ်။

ပြည်တွင်းဈေးကွက်မှာ Realme 6i ကို မတ်လ ၁၈ ရက်ကနေ ၂၆ ရက်နေ့အထိ pre-order မှာနိုင်မှာ ဖြစ်ပြီး RAM 3GB ဗားရှင်းကို ၂၄၉၉၀၀ ကျပ် နဲ့ RAM 4GB ဗားရှင်းကို ၂၉၉၉၀၀ ကျပ် ဈေးတွေနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က