in-display လက်ဗွေနဲ့ လာတာဖြစ်ပါတယ်

Samsung ဟာ တန်ဖိုးသင့် Galaxy A စီးရီးဖုန်းသစ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Galaxy A31 ဟာ မျက်နှာပြင် ၆.၄ လက်မ FHD+ Super AMOLED display နဲ့ လာပြီး U ပုံစံ notch သုံးထားပါတယ်။ ကောင်းတဲ့အချက်တစ်ချက်က သူ့အရင် Galaxy A30 လိုမျိုး ကျောဘက် လက်ဗွေစနစ်မဟုတ်ဘဲ မှန်ပြင်အောက် လက်ဗွေနည်းပညာနဲ့ ထွက်လာတာ ဖြစ်ပါတယ်။ ရှေ့ notch ထဲမှာ 20MP selfie ကင်မရာနဲ့ လာပြီး ကျောဘက်မှာ ထောင်လိုက် စတုဂံကွက်ပုံစံ လေးလုံးတွဲကင်မရာ ပါရှိပါတယ်။



Photo: androidauthority

MediaTek Helio P65 processor နဲ့ လာပြီး RAM 4GB/6GB ၊ storage 64GB/128GB storage နဲ့ ထွက်ထားပါတယ်။ storage ကိုတော့ microSD card ကနေ 512GB အထိ ထပ်တိုးနိုင်မှပါ။ ဘက်ထရီပါဝါ 5000mAh နဲ့ လာပြီး 15W fast charging ပံ့ပိုးထားတယ်လို့ ဆိုပါတယ်။ အရောင်အနေနဲ့ Prism Crush ကာလာ အနက် ၊ အပြာ ၊ အနီနဲ့ အဖြူ လေးရောင်နဲ့ ထွက်ရှိထားပါတယ်။

ကျောဘက် စတုဂံပုံစံ ကင်မရာကွက်ထဲမှာ 48MP main sensor ၊ 8MP ultra-wide ကင်မရာ ၊ 5MP macro lens နဲ့ 5MP depth sensor လေးလုံးစနစ် သုံးထားတာပါ။ Galaxy A31 ရဲ့ စျေးနှုန်းတော့ မကြေညာရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က