punch hole နဲ့ pop-up ကင်မရာတွေနဲ့ ထွက်ထားတာပါ

Tecno ဟာ 48MP လေးလုံးတွဲကင်မရာသုံးဖုန်းတွေကို ပထမဆုံးအကြိမ် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။


တန်ဖိုးမြင့်ဖုန်းတွေမှာ တွေ့ရမယ့် ဒီဇိုင်းနဲ့ feature ကို Tecno ဟာ Camon 15 နဲ့ Camon 15 Pro တို့မှာ မိတ်ဆက်လာတာပါ။ Camon စီးရီးတွေဟာ ကင်မရာပိုင်းကို Focus ထားတဲ့ ဖုန်းမော်ဒယ်တွေ ဖြစ်လို့ Camon 15 နဲ့ Camon 15 Pro တို့မှာလည်း ဆန်းသစ်ပြီး ထူးခြားကောင်းမွန်တဲ့ ကင်မရာစွမ်းရည်တွေ သုံးလာပါတယ်။


Photo: GSMArena

ဒီဖုန်းနှစ်မျိုးမှာ မတူတာက Camon 15 ရိုးရိုးမော်ဒယ်ဟာ ဖုန်း display ဘယ်ဘက်အပေါ်ထောင့်မှာ 16MP punch hole ကင်မရာ သုံးထားပြီး Pro မော်ဒယ်မှာတော့ 32MP Pop-up selfie ကင်မရာ သုံးသွားတာ ဖြစ်ပါတယ်။ ရိုးရိုးမော်ဒယ်ဟာ ၆.၅၅ လက်မ HD+ display နဲ့ လာပြီး RAM 4GB/64GB storage သုံးထားပါတယ်။

Pro ဗားရှင်းဟာ ၆.၅၃ လက်မ FHD+ (2340 x 1080p) FullView display နဲ့ လာပါတယ်။ RAM 6GB/128GB storage နဲ့ 2.35 GHz octa-core MediaTek P35 processor သုံးထားပြီး ရိုးရိုးမော်ဒယ်မှာလိုပဲ microSD card ကနေ storage ထပ်တိုးနိုင်မှာပါ။ ဖုန်းနှစ်မျိုးစလုံးဟာ Android 10 ပေါ် အခြေခံထားတဲ့ HiOS V6.0.1 စနစ် သုံးထားပါတယ်။

ကျောဘက်မှာ မတူညီတဲ့ camera setup ပုံနဲ့ Quad lens လေးလုံးတွဲ ကင်မရာတွေ သုံးထားပြီး ကင်မရာစနစ်က အတူတူပဲ ဖြစ်ပါတယ်။ ဒီဖုန်းတွေဟာ 48MP main ကင်မရာ ၊ ၁၁၅ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 5MP ultra-wide lens ၊ ၂စင်တီမီတာအထိ အနီးကပ် အသေးစိတ် ရိုက်ကူးနိုင်မယ့် 2MP macro ကင်မရာနဲ့ DSP chip ထောက်ပံ့ထားတဲ့ Ultra Night Lens တွေ သုံးထားပါတယ်။


Photo: GSMArena

ဘက်ထရီပါဝါမှာ Tecno Camon 15 Pro ဟာ 4000 mAh ဘက်ထရီပါရှိပြီး Camon 15 ကတော့ 5000mAh အကြီးစားဘက်ထရီပါဝါနဲ့ လာတာပါ။ အရောင်အနေနဲ့ Camon 15 ဟာ Shoal Gold ၊ Fascinating Purple နဲ့ Dark Jade တို့နဲ့ လာပြီး Pro ဗားရှင်းဟာ Ice Jadeite နဲ့ Opal White နှစ်ရောင်နဲ့ ထွက်ထားပါတယ်။

Tecno Camon 15 ကို ၉၉၉၉ ရူပီး ( မြန်မာငွေ ၂ သိန်းကျော်) နဲ့ Tecno Camon 15 Pro ကို ၁၄၉၉၉ ရူပီး ( မြန်မာငွေ ၃ သိန်းကျော်) ဈေးနဲ့ လာမယ့် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က