5000 mAh ဘက်ထရီသုံးထားတာပါ

ဘက်ဂျက်စျေးနဲ့ ⁠ကင်မရာလေးလုံးတွဲ အမြင့်ဖုန်း ဝယ်ဖို့ စိတ်ဝင်စားတယ်ဆိုရင် Realme 5s ကို စာရင်းထဲ တို့ထားရတော့မှာပါ။

Realme ဟာ နောက်ပိုင်းမှာ 90Hz display သုံး Realme X2 Pro လို high-end ဖုန်းတွေကိုပါ ထုတ်လာတဲ့ စမတ်ဖုန်း maker ပါ။ ဒါတောင် Snapdragon 855+ SoC သုံး Realme X2 Pro ဟာ မြန်မာငွေ ၅ သိန်း ၈ သောင်းဝန်းကျင်စျေးကနေ စတင် ဝယ်ယူနိုင်မယ့်ဖုန်းဖြစ်လို့ အတော်လေးကို affordable ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။


Photo: techradar

Realme 5s ကတော့ mid-ranger တန်းဝင် ဖုန်းတစ်မျိုး ဖြစ်ပြီး ဖုန်းကို ကြည့်တဲ့ ရှုထောင့်အလိုက် အရောင်အမျိုးမျိုးပြောင်းနိုင်တဲ့ နာနိုပုံပြောင်းကာလာပါ crystal design သုံးထားပါတယ်။ ဖုန်းအရွယ်အစားအနေနဲ့ ၆.၅၁ လက်မ IPS LCD display နဲ့လာပါတယ်။ notch display ပါပြီး screen ကို Gorilla Glass 3 အုပ်ထားထားပါတယ်။

ကျောဘက်မှာ fingerprint scanner ပါပြီး Samsung ISOCELL GM1 စနစ်သုံး 48MP Sensor နဲ့အတူ ၁၁၉ ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် 8MP ultrawide ကင်မရာ ၊ 2MP macro ကင်မရာနဲ့ 2MP depth sensor ဆိုပြီး ကင်မရာ ၄ လုံးတန်း ပါရှိတယ်။ ရှေ့ကင်မရာ 13MP ကင်မရာဟာ 4-in-1 pixel binning နည်းပညာသုံးထားတာကြောင့် အလင်းအားနည်းချိန် low-light အနေအထားမှာ ထူးခြားကောင်းမွန်တဲ့ ဆယ်လ်ဖီပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Photo: techandroids


Realme 5s ဟာ Snapdragon 665 SoC ၊ Adreno 610 GPU နဲ့ RAM 4GB ပါရှိပါတယ်။ storage ကိုတော့ 64GB နဲ့ 128GB နှစ်မျိုး ထုတ်ထားပြီး microSD card ကနေ 256GB အထိ ထပ်တိုးနိုင်မှာပါ။ ဘက်ထရီပါဝါ 5000mAh ဟာ 10W charging ပံ့ပိုးပေးထားပြီး standby အနေအထားမှာ ၂၉.၉ ရက်အထိ အထားခံမယ်လို့ ဆိုပါတယ်။

Realme 5s ကို Crystal Blue ၊ Crystal Purple နဲ့ Crystal Red ကာလာ ၃ ရောင်နဲ့ ထုတ်ထားပြီး အနိမ့်မော်ဒယ် 64GB ဗားရှင်းကို ၉၉၉၉ ရူပီး ( မြန်မာငွေ ၂ သိန်း ၁ သောင်းခန့်) စျေးနဲ့ ရောင်းချသွားမှာပါ။ 128GB storage ဗားရှင်းကိုတော့ ၁၀၉၉၉ ရူပီး ( မြန်မာငွေ ၂ သိန်း ၃ သောင်းခန့်) စျေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။



က္က