LG ရဲ့ တန်ဖိုးနည်း K-series ဖုန်းသစ်တွေပါ

LG ကနေ ဒီတစ်ပတ်ထဲ K-series တန်ဖိုးသင့်ဖုန်းသစ်တွေ ၃ လုံးအထိ မိတ်ဆက်သွားပါတယ်။ 

LG K42 ထွက်ပြီး ရက်ပိုင်းအတွင်းမှာ နောက်ထပ် K စီးရီးဖုန်းသစ်တွေ ဖြစ်တဲ့ LG K52 နဲ့ LG K62 တို့ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဖုန်းသစ်နှစ်မျိုးစလုံးဟာ ၆.၆ လက်မ display ၊ လေးလုံးတွဲကင်မရာနဲ့ 4000mAh ဘက်ထရီနဲ့ လာပါတယ်။ screen ဟာ LCD အမျိုးအစားဖြစ်ပြီး FHD+ ရုပ်ထွက် ပါရှိပါတယ်။



Photo: Gizmochina


ဖုန်း display အပေါ် အလယ်တည့်တည့်နေရာမှာ punch-hole ကင်မရာပေါက်နဲ့ selfie ကင်မရာ သုံးထားပါတယ်။ LG K series သစ်တွေဟာ အဆင့် ၈ ဆင့် စမ်းသပ်မှု MIL-STD-810G စမ်းသပ်မှု အောင်မြင်ထားတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ ခေတ်‌ပေါ် လူငယ်ကြိုက်ဖုန်းတစ်လုံးဖြစ်တဲ့အတိုင်း ကျောဘက်မှာ စတုဂံပုံစံကင်မရာအုံနဲ့ လာပါတယ်။ 

ဖုန်းနှစ်လုံးရဲ့ ကွာခြားမှုတစ်ခုက ကင်မရာပိုင်း ဖြစ်ပါတယ်။ ကျောဘက်ကင်မရာမှာ LG K62 ဟာ 48MP ၊ 5MP ultrawide နဲ့ 2MP macro ၊ 2MP portrait lens တို့ သုံးထားပါတယ်။ မြင်ကွင်းနဲ့ ရိုက်မယ့်အကြောင်းအရာအတွက် AI CAM ကနေ အကောင်းဆုံး ကင်မရာဆက်တင် ချိန်ပေးထားပါတယ်။

LG K62 ဟာ 28MP selfie ကင်မရာနဲ့ လာပြီး 128GB storage အထိ ပါတဲ့အပြင် microSD card ကနေ storage ထပ်မြှင့်နိုင်မှာ ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်ဘေးမှာ Google Assistant ခလုတ်နဲ့ fingerprint scanner တို့ တပ်ဆင်ထားပါတယ်။ အမျိုးအစား မသိရတဲ့ 2.3GHz octa-core CPU ၊ RAM 4GB နဲ့ လာပြီး Android 10 စနစ် သုံးထားပါတယ်။


Photo: justandroid

LG 52 လိုပဲ USB C port ကနေ အားသွင်းနိုင်မယ့် 4000 mAh ဘက်ထရီ ပါရှိပါတယ်။ LG K52 ဟာ LG K62 နဲ့ တစ်ပုံစံတည်း ဖြစ်ပြီး 13MP selfie ကင်မရာ နဲ့ လာပါတယ်။ storage ဟာ 64GB ပဲ ပါပြီး fingerprint scanner ကိုလည်း ဘေးဘောင်ခလုတ်မဟုတ်ဘဲ ကျောဘက်မှာ သုံးထားပါတယ်။ 

LG K52 ကို အဖြူ ၊ အနီနဲ့ အပြာ ၃ ရောင်နဲ့ ဝယ်နိုင်မှာ ဖြစ်ပြီး ဒီဖုန်းနှစ်လုံးရဲ့ ဈေးနှုန်းနဲ့ ဖြန့်ချိမယ့်ရက် မသိရသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က