Affordable ဖုန်းပါ
Nyein Min Wai

အကြီးစားဘက်ထရီပါဝါနဲ့ စိတ်ဝင်စားစရာကင်မရာတွေ သုံးထားတဲ့ OPPO A72 ကို ယူကေဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။


OPPO A72 ဟာ ပရီမီယံ specs တစ်ချို့ ပါတဲ့ တန်ဖိုးသင့်ဖုန်းလို့ ဆိုပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၅ လက်မ ရှိပြီး 1080p ရုပ်ထွက်ပါတဲ့ display သုံးထားပါတယ်။ punch-hole display အမျိုးအစားဖြစ်ပြီး 16MP selfie ကင်မရာနဲ့ လာပါတယ်။ ဖုန်းအပေါ်နဲ့ အောက်ဘက်မှာ stereo speaker နှစ်လုံးပါရှိပြီး ပတ်ပတ်လည် အသံစနစ် တပ်ဆင်ထားပါတယ်။

Photo: bglhqr

5000mAh ဘက်ထရီဟာ OPPO A72 ရဲ့ စိတ်ဝင်စားစရာ feature ဖြစ်ပြီး 18W fast charge နဲ့ လာပါတယ်။ ဘေးဘောင်မှာ လက်ဗွေစနစ် တပ်ဆင်ထားပြီး NFC payment ပံ့ပိုးထားပါတယ်။ Snapdragon 665 processor ပဲ သုံးထားပြီး RAM 4GB/128GB storage နဲ့ ထွက်ထားပါတယ်။ ဂိမ်းကစားမှု စွမ်းရည် မြှင့်တင်ဖို့ OPPO ရဲ့ Hyper Boost Gaming feature လည်း ထည့်ပေးထားပါတယ်။

ကျောဘက်မှာ 48MP main sensor ၊ 8MP ultra wide angle ၊ 2MP depth sensor နဲ့ 2MP monochrome ကင်မရာ ၄ လုံး သုံးထားပါတယ်။ ကျောဘက်ကင်မရာတွေဟာ လက်တုန်တာကြောင့် ရုပ်မငြိမ်တာကိုပါ ထိန်းပေးမယ့် stablility စနစ်အပါအဝင် 4K Video ရိုက်ကူးမှုပါ ပံ့ပိုးထားပါတယ်။ OPPO A72 ဟာ Twilight Black နဲ့ Aurora Purple ကာလာ ၂ ရောင်နဲ့ လာပါတယ်။

OPPO A72 ဟာ Android 10 ကိုအခြေခံထားတဲ့ ColorOS 7.1 နဲ့ လာပြီး ယူကေမှာ ၂၁၉ ပေါင် (မြန်မာငွေ ၃ သိန်း ၇ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က