5000 mAh ဘက်ထရီ သုံးထားတဲ့ ဖုန်းပါ

Galaxy A80 မှာ ပထမဆုံး သုံးခဲ့တဲ့ flip-up ကင်မရာစနစ်ကို Asus ကလည်း Zenfone 6 မှာ သုံးလာပြီ ဖြစ်ပါတယ်။

         notchless display ဒီဇိုင်းကို ပြောင်းသုံးလာတဲ့ ဒီဖုန်းဟာ punch hole နဲ့pop-up ကင်မရာမျိုးကို မသုံးတော့ဘဲ ကျောဘက်ကင်မရာကို ရှေ့မှာပါ သုံးနိုင်အောင် လုပ်ဆောင်ထားတာပါ။ ဒီကင်မရာဒီဇိုင်းကို Samsung ဟာ Galaxy A80 ကို စပြီး ကြေညာခဲ့တာ ဖြစ်ပြီး upper mid-ranger တစ်လုံးအနေနဲ့ပထမဆုံး ဆန်းသစ်လာတဲ့ ဒီဇိုင်းလည်း ဖြစ်ပါတယ်။



Photo: androidauthority

         Asus Zenfone 6 ကတော့ Snapdragong 855 processor သုံးလာတဲ့ high-end ဖုန်းဖြစ်ပြီး RAM 8GB နဲ့256GB storage အထိ ပါရှိပါတယ်။ base model အနေနဲ့RAM 6GB/64GB storage လည်း ထွက်ထားပြီး ဘက်ထရီစနစ်မှာ 18W charging ထွက်တဲ့ 5000 mAh ဘက်ထရီအကြီးစားကို သုံးထားတာပါ။

         မျက်နှာပြင် ၆.၄ လက်မရှိတဲ့ Zenfone 6 ဟာ high-end ဖုန်းဆိုပေမယ့် ဒီဘက်ခေတ်မှာ အသုံးများလာတဲ့ OLED / AMOLED display အမျိုးအစား မဟုတ်ဘဲ IPS LCD display နဲ့လာတာ ဖြစ်လို့FHD+ resolution ပဲ ထွက်မှာ ဖြစ်ပါတယ်။ ဒီ display ရဲ့ အပေါ်မှာတော့ နောက်ဆုံးပေါ် အကြမ်းခံမှု အမြင့်ဆုံးမှ ဖြစ်တဲ့ Gorilla Glass 6 မှန် အုပ်ထားပါတယ်။

ကင်မရာဒီဇိုင်းကို motorized flip-up ကင်မရာစနစ် သုံးထားတာ ဖြစ်လို့ဆယ်လ်ဖီဖွင့်လိုက်ချိန်မှာ ကျောဘက် (48MP+ 13MP ultra wide ) dual lens ဟာ ရှေ့ဘက်ကို လှန်ပြီး ထွက်လာမှာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာကို ပြန်ဖွင့်မယ်ဆိုရင်တော့ ရှေ့ခြမ်း မျက်နှာလှည့်နေတဲ့ ဒီ dual lens တွေဟာ နောက်ဘက်ကို ပြန်ပြီး ခေါက်သွားမှာပါ။

         Asus ရဲ့ အဆိုအရ ဒီ flip-up ကင်မရာဟာ စတိန်းလတ်စတီးထက် ပိုပြီး ပေါ့ပါးတဲ့ Liquid Metal နဲ့ထုတ်ထားပြီး ၄ ဆပို အကြမ်းခံနိုင်တယ်လို့ဆိုပါတယ်။ နောက်တစ်ချက်ကတော့ ဖုန်းလွတ်ကျသွားချိန်မှာ ဒီကင်မရာတွေဟာ သူ့အလိုလို ခေါက်သိမ်းသွားမှာပါ။ Asus ရဲ့ စမ်းသပ်မှုမှာတော့ Zenfone 6 ဟာ အကြိမ်ရေ ၁ သိန်းအထိ ခေါက်နိုင်ဖွင့်နိုင်တယ်လို့ဆိုပါတယ်။

Photo: XDA-Developers

         တစ်ခြား features တွေအနေနဲ့speakers ၂ လုံးနဲ့အတူ ကျောဘက် fingerprint scanner ပါရှိပြီး storck Android ဗားရှင်းနဲ့လာတာဖြစ်ပါတယ်။ ဒီဖုန်းမှာ Google Assistant သုံးနိုင်မယ့် smart key တစ်ခုလည်း ပါရှိပါတယ်။ Zenfone 6 ကို မေလ ၂၆ ရက်နေ့ဥရောပဈေးကွက်ထဲ ရောင်းချသွားဖို့ရှိပြီး ဈေးနှုန်းအနေနဲ့ယူရို ၅၀၀ ( မြန်မာငွေ ၈ သိန်းခွဲကျော်) ခန့်ဈေးကနေ စတင်ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ



က္က