အမြင့်စားဈေးနဲ့မိတ်ဆက်သွားတာပါ

Samsung ကတော့ Galaxy A series သစ်တွေကို အဆင့်မြင့် all screen မှန်ပြင်ပြည့် ဖုန်း lineup အဖြစ် ပုံဖော်လာပြီ ဖြစ်ပါတယ်။

         Galaxy J series တွေ ဈေးကွက်ကနေ အနားပေးလိုက်ပြီး Galaxy A series တွေနဲ့ပူးပေါင်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီး ပထမဆုံး မိတ်ဆက်လိုက်တဲ့ ဖုန်းက Galaxy A80 ပါ။ ကိုယ်ထည်ဟာ ရှေ့နောက် curved glass ကိုမှ metal frame ကွပ်ထားတဲ့ ဒီဖုန်းဟာ mid-range ဖုန်းအနေနဲ့ဝင်လာပြီး ကင်မရာဒီဇိုင်းနဲ့display ပုံစံဟာ အတော်လေးကို ထူးခြားနေပါတယ်။




         ကင်မရာပိုင်းမှာ pop-up mechanism ကင်မရာဒီဇိုင်းကို ပထမဆုံး သုံးလာတာ ဆိုပေမယ့် ဈေးကွက်ထဲက pop-up တို့slider ကင်မရာတို့နဲ့လုံးဝမတူပါဘူး။ ဆယ်လ်ဖီနဲ့ကျောဘက်ကင်မရာတွေဟာ အလိုအလျောက် လှည့် (rotate) လုပ်နိုင်တဲ့ စနစ်နဲ့လာတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဆယ်လ်ဖီရော ကျောဘက်ကင်မရာရောက တစ်ခုတည်းဖြစ်ပြီး ဆယ်လ်ဖီဆွဲချိန်မှာ ရှေ့ဘက်ကို ကျောဘက်က rear ကင်မရာတွေ လှည့်ပြီး ကင်မရာဖမ်းသွားမှာပါ။

         sliding ကင်မရာစနစ်ဟာ notch နဲ့punch hole ကင်မရာတွေ သုံးစရာမလိုဘဲ မှန်ပြင်ပြည့် ဒီဇိုင်းဖြစ်စေမယ့် နည်းပညာဖြစ်ပြီး အရင်နှစ်က Samsung ဟာ display ဒီဇိုင်းသစ် ၄ မျိုးဖြစ်တဲ့ Infinity U ၊ Infinity V ၊ ကင်မရာပေါက်ပါတဲ့ Infinity Oနဲ့ notchless display ပုံစံသစ်ဖြစ်တဲ့ New Infinity display တို့ကို ကြေညာခဲ့ပါတယ်။

         မျက်နှာပြင် ၆.၇ လက်မ FHD+ (1080x2400) Super AMOLED display သုံးထားတဲ့ Galaxy A80 ဟာ New Infinity display ဒီဇိုင်းသစ်ကို ပထမဆုံး သုံးလာတဲ့ ဖုန်းဖြစ်ပြီး ToF sensor အပါအဝင် ကင်မရာ ၃ လုံးတွဲစနစ်ကို ထူးထူးခြားခြား သုံးထားတဲ့ mid-range ဖုန်းသစ်လည်း ဖြစ်ပါတယ်။ Galaxy A80 ဟာ f/2.0 ပါတဲ့ 48MP ကင်မရာနဲ့အတူ ၁၂၃ ဒီဂရီ 8MP ultra-wide lens နဲ့3DToF (Time of Flight) sensor တို့ကို သုံးထားပါတယ်။

Photo: firstpost

         display ရဲ့ အောက်မှာ လက်ဗွေစစနစ်ကို ထည့်ထားတာကလည်း mid-ranger အနေနဲ့စိတ်ဝင်စားစရာ ဖြစ်သလို RAM/storage ကိုလည်း 8GB/256GB အထိ သုံးထားတာ အတော်လေးကို လန်းပါတယ်။ ဒီဖုန်းမှာ သုံးသွားမယ့် processor နာမည်မသိရပေမယ့် 2.2 GHz octa-core processor ဖြစ်မယ်လို့ဆိုပါတယ်။

         wireless charging မပါသေးတာတစ်ခုကလွဲရင် သုံးထားတဲ့ 3700 mAh ဘက်ထရီဟာ 24W Super Fast Charging support ပေးထားတာ ဖြစ်လို့အားသွင်းရ အတော့်ကို မြန်ဆန်မှာပါ။ ဆော့ဖ်ဝဲလ်ပိုင်းမှာ One UI သစ်နဲ့လာတဲ့ Android 9 Pie ကို သုံးထားပြီး Phantom Black, Angel Gold နဲ့Ghost White ဆိုပြီး ကာလာ ၃ ရောင်နဲ့ထွက်ထားပါတယ်။

         Galaxy A80 ဟာ မေလ ၂၉ ရက်နေ့က စပြီး ဈေးကွက်ထဲမှာ ၆၄၉ ယူရို (မြန်မာငွေ ၁၁ သိန်းခန့်) ဈေးနဲ့ရောင်းချသွားမှာ ဖြစ်လို့Samsung ဟာ နောက်ထွက် Galaxy A series တွေကို upper mid-range ကနေ ပရီမီယံတန်းဝင်အဖြစ် ပုံပြောင်းသွားမယ်လို့စဉ်းစားစရာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က