ဈေးနှုန်းအတော် မြင့်နေပါတယ်

Vivo ကတော့ mid-range ဈေးကွက်မှာ နောက်ထပ်မော်ဒယ်သစ်ကို ပွဲထုတ်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

         ဒီတစ်ခါ မိတ်ဆက်လိုက်တဲ့ Vivo X27 ဟာ တလောက ထွက်ထားတဲ့ Vivo V15 Pro ကို အဆင့်မြှင့်ထားတဲ့ ဗားရှင်းလို့ပြောနိုင်ပါတယ်။ ဒီဇိုင်းပုံစံ ဖွဲ့စည်းမှုအရ Vivo X27 ဟာ Vivo V15 Pro နဲ့တစ်ပုံစံတည်း ဖြစ်ပါတယ်။ processor ပြောင်းလာပြီး RAM/storage မြှင့်လိုက်တာရယ် ၊ ကျောဘက် ကင်မရာစနစ် ပိုကောင်းလာတာရယ်က ထူးခြားပါတယ်။ ဆယ်လ်ဖီကင်မရာမှာတော့ 32MP မဟုတ်တော့ပါဘူး။    



   Photo: Neowin  

         မျက်နှာပြင်အရွယ်အစား ၆.၃၉ လက်မဟာ 1080p+ ရုပ်ထွက်ပါတဲ့ Super AMOLED screen သုံးထားပြီး နောက်ထွက် Vivo mid-range ဖုန်းတွေလိုပဲ in-display လက်ဗွေစနစ် ပါလာပါတယ်။ Vivo V15 Pro အတိုင်း display ဟာ notch မသုံးသလို punch hole ပုံစံလည်း မပါဘဲ pop-up ကင်မရာသုံးထားတဲ့ မှန်ပြင်ပြည့် ဒီဇိုင်းသုံးထားတာ ဖြစ်ပါတယ်။ RAM/storage ပိုင်းမှာ 8GB/256GB အထိ သုံးထားတာဖြစ်လို့အရင် Vivo V15 Pro ထက် memory ပိုင်းမှာ အများကြီး တက်လာတာပါ။

         processor ကိုတော့ mid-range ဖုန်းတွေအတွက် အထူးထုတ်ထားတယ်လို့ပြောနိုင်တဲ့ Snapdragon 710 SoC နဲ့လာပါတယ်။ ဒီ processor ဟာ Vivo V15 Pro မှာ ပါတဲ့ Snapdragon 675 processor ထက် performance နည်းနည်း နှေးပေမယ့် GPU ပိုင်းမှာ ပိုသွက်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာက ဒီဖုန်းဟာ vapor chamber လို့ခေါ်တဲ့ ဖုန်းလုပ်ဆောင်ချက်တွေများလို့အပူမလွန်အောင် အအေးပေးမယ့် နည်းပညာ သုံးထားတာပါ။

Photo: yugatech

         Vivo X27 ဟာ 4000 mAh အကြီးစားဘက်ထရီနဲ့လာပြီး 18W fast charging စနစ် ပံ့ပိုးပေးထားပါတယ်။ ကင်မရာပိုင်းမှာ Sony IMX586 sensor ပါတဲ့ 48MP ကင်မရာ ၊ 13MP wide-lens နဲ့5MP depth sensor ကို ကျောဘက်မှာ သုံးထားပါတယ်။ ရှေ့ကင်မရာကတော့ အရင်လို pop-up 16MP ကင်မရာ ပါပြီး ကင်မရာအသွင်းအထုတ်ကတော့ ဝ.၆၈ စက္ကန့်ကြာမယ်လို့ဆိုတာကြောင့် Vivo V15 Pro ထက် နည်းနည်း ပိုနှေးတယ်လို့ပြောရမှာပါ။

         OS ပိုင်းမှာ Funtouch OS 9 နဲ့လာတဲ့ Android 9 Pie သုံးထားပြီး ဈေးနှုန်းအရ Vivo V15 Pro ထက် ပိုများနေပါတယ်။ Vivo X27 ကို ယွမ် ၃၀၀၀ (မြန်မာငွေ ၈ သိန်း ၂ သောင်းကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။

Share

Loading Next Article...
က္က