Motorola ဟာ အကြီးစား ဘက်ထရီပါဝင်တဲ့ တန်ဖိုးသင့် Mid-ranger ဖုန်းတစ်မျိုးကို အိန္ဒိယဈေးကွက်မှာ မိတ်ဆက်သွားပါတယ်။

အိန္ဒိယဈေးကွက်အတွင်း ရောက်ပြီးသား တန်ဖိုးသင့်ဖုန်းတွေ ဖြစ်တဲ့ Redmi ၊ Realme နဲ့ Samsung ဖုန်းတွေနဲ့ ယှဉ်ပြိုင်မယ့် ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။ Moto G9 ဟာ Snapdragon 662 SoC နဲ့ အိန္ဒိယဈေးကွက်ထဲ ပထမဆုံးဝင်ရောက်လာတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။




Photo: Slash Gear

မျက်နှာပြင်အရွယ်အစား ၆.၅ လက်မ Waterdrop notch LCD display နဲ့ လာပြီး အလွယ်တကူရေမဝင်နိုင်အောင် တည်ဆောက်ထားတာပါ။ screen reolution အနေနဲ့ 720 x 1600p (HD+ resolution) သုံးထားပါတယ်။

ဖုန်းဘေးဘောင်မှာ Google Assistant ခလုတ် သီးသန့် ထည့်သွင်းထားပြီး ကျောဘက်မှာ fingerprint scanner ပါရှိပါတယ်။ 11nm Snapdragon 662 SoC ဟာ RAM 4GB/64GB storage အတွဲနဲ့ ထွက်ထားပြီး microSD card ကနေ storage ထပ်မြှင့်နိုင်မှာပါ။

ရှေ့ waterdrop notch ထဲမှာ 8MP selfie ကင်မရာ သုံးထားပြီး ကျောဘက်အလယ်မှာ စတုရန်းကွက်ပုံစံ သုံးလုံးတွဲကင်မရာစနစ်နဲ့ လာပါတယ်။ ကျောဘက်ကင်မရာဟာ 48MP main sensor ကိုမှ 2MP portrait sensor ၊ 2MP macro sensor တို့နဲ့ တွဲသုံးထားပါတယ်။

Photo: 9to5Google

Moto G9 ဟာ အကြီးစား 5000mAh ဘက်ထရီပါဝါကိုမှ 20W charging အားသွင်းနိုင်အောင် ပံ့ပိုးထားပါတယ်။ Charging ကိုတော့ USB Type-C port ကနေ အားသွင်းနိုင်မှာ ဖြစ်ပြီး 3.5mm headphone jack လည်းထည့်ပေးထားပါတယ်။ 

Sapphire Blue နဲ့ Forest Green ကာလာ ၂ ရောင်နဲ့ လာပြီး အိန္ဒိယမှာ ၁၁၄၉၉ ရူပီး (မြန်မာငွေ ၂ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က