upper-mid range ဖုန်းတစ်လုံး

Reno 4 စီးရီးထဲက စတုတ္ထမြောက်မော်ဒယ်ဖြစ်တဲ့ OPPO Reno 4 SE 5G ကို တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။

Reno 4 SE သစ်ဟာ punch-hole display ၊ စတုရန်းကွက်ပုံစံ Triple lens နဲ့ လာပြီး နာမည်အတိုင်း 5G support ပေးထားတဲ့ ဖုန်းပါ။ မျက်နှာပြင် ၆.၄၃ လက်မ ရှိပြီး AMOLED display အမျိုးအစား FHD+ ရုပ်ထွက်ပါရှိပါတယ်။ 



Photo: Gizmochina

screen ရဲ့ အောက်မှာ fingerprint scanner တပ်ဆင်ထားပြီး မှန်ပြင်/ကိုယ်ထည်အချိုးဟာ ၉၀.၈% ရှိပါတယ်။ punch-hole ကင်မရာ‌ပေါက်ထဲမှာ 32MP selfie ကင်မရာ ပါရှိပြီး EIS ရုပ်ငြိမ်စနစ် ၊ AI smart beauty ၊ portrait mode နဲ့ night scene mode တို့ ပါဝင်ပါတယ်။

ကျောဘက်မှာ စတုရန်းကွက်ပုံစံ သုံးလုံးတွဲကင်မရာဒီဇိုင်း သုံးထားပြီး autofocus ပါ 48MP main sensor ၊ 8MP ultrawide နဲ့ 2MP macro lens တို့ ထည့်ထားပါတယ်။ LED flash တစ်ခုကိုလည်း ကင်မရာ module ထဲမှာ ထည့်ပေးထားပါတယ်။ 

Photo: GSMArena

OPPO Reno 4 SE 5G ဟာ MediaTek Dimensity 720 chipset နဲ့ လာပြီး RAM 8GB ၊ 128GB / 256GB storage နဲ့ ထွက်ထားပါတယ်။ 4300mAh dual-cell ဘက်ထရီအမျိုးအစား ဖြစ်ပြီး 65W SuperVOOC 2.0 Flash Charge နည်းပညာ သုံးထားတာကြောင့် ၃၇ မိနစ်အတွင်း အားအပြည့် သွင်းပေးနိုင်မယ်လို့ ဆိုပါတယ်။

Super Flash Black /White နဲ့ Blue ကာလာ ၃ ရောင်နဲ့ လာပြီး RAM 8GB/128GB storage ကို ၂၄၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၈ သောင်းခွဲကျော်ခန့်) နဲ့ RAM 8GB/256GB storage ကို ၂၇၉၉ ယွမ် (မြန်မာငွေ ၅ သိန်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က