Snapdragon 710 SoC သုံးထားတာပါ
Nyein Min Wai

48MP Quad lens ပါတဲ့ Mid-range မော်ဒယ် ဖုန်းသစ်ကို Motorola မှ မိတ်ဆက်လိုက်ပါတယ်။

Motorola ဟာ One Fusion နာမည်နဲ့ ဖုန်းသစ်တစ်မျိုးကို ကြေညာလိုက်တာ ဖြစ်ပြီး လက်တင်အမေရိကဈေးကွက်ထဲ ဖြန့်ချိလိုက်တာပါ။ ဒီဖုန်းဟာ ပြီးခဲ့တဲ့လထဲမှာ မိတ်ဆက်သွားတဲ့ Motorola One Fusion+ ရဲ့ အနိမ့်ဗားရှင်းလို့ ဆိုနိုင်ပါတယ်။ ဒီဇိုင်းပိုင်းမှာ Plus မော်ဒယ်နဲ့ဆင်ပြီး pop-up ကင်မရာအစား waterdrop notch သုံးသွားတာပါ။


Photo: gizmochina

Motorola One Fusion ဟာ ၆.၅ လက်မ HD+ display နဲ့ လာပါတယ်။ waterdrop notch ထဲမှာ 8MP sensor သုံးထားပါတယ်။ processor ဟာ ပြီးခဲ့တဲ့နှစ်နှစ်လောက်က ထွက်ထားတဲ့ Snapdragon 710 SoC ဖြစ်ပြီး RAM 4GB/64GB storage နဲ့ တွဲဖက် အသုံးပြုထားတာပါ။ storage ကိုတော့ ထပ်ပြီး တိုးနိုင်မှာ ဖြစ်ပါတယ်။

ကျောဘက်မှာ ထောင်လိုက် 48MP main sensor ၊ 8MP ultrawide sensor ၊ 5MP macro ကင်မရာ နဲ့ 2MP depth sensor ဆိုပြီး ကင်မရာ ၄ လုံး ပါရှိပါတယ်။ fingerprint scanner ကိုလည်း ကျောဘက်မှာပဲ သုံးထားပြီး ဘေးဘောင်မှာ Google Assistant ခလုတ် နဲ့ လာပါတယ်။ ဘက်ထရီပါဝါဟာ 5000 mAh ဖြစ်ပြီး ၂ ရက်အသုံးခံမယ်လို့ ဆိုပါတယ်။

Motorola One Fusion ဟာ Android 10 ကို အခြေခံထားတဲ့ My UX သစ်နဲ့လာပါတယ်။ အရောင်အနေနဲ့ ကျောက်စိမ်းရောင် ၊ နီလာပြာ နှစ်ရောင်နဲ့ ထွက်ထားပါတယ်။ လက်တင်အမေရိကန်မှာ ချီလီပီဆို ၁၉၉၉၉၀ (မြန်မာငွေ ၃ သိန်းခွဲ) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က