Motorola ရဲ့ ဘက်ဂျက်ဖုန်းပါ
Nyein Min Wai

Motorola ရဲ့ တန်ဖိုးနည်း E-series သစ်ဖြစ်တဲ့ Moto E7 Plus ကို ဘရာဇီးဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။

Entry-level specs သုံးထားတဲ့ Moto E7 Plus ဟာ waterdrop notch display ၊ dual cameras နဲ့ 5000mAh ဘက်ထရီနဲ့ လာပါတယ်။ processor အနေနဲ့ octa-core Qualcomm Snapdragon 460 processor သုံးထားပြီး Amber Bronze နဲ့ Navy Blue ကာလာ ၂ ရောင်နဲ့ ထွက်ထားပါတယ်။

Photo: notebookcheck

Moto E7 Plus ဟာ မျက်နှာပြင် ၆.၅ လက်မ HD+ display နဲ့ လာပြီး notch ထဲမှာ 8MP selfie ကင်မရာသုံးထားပါတယ်။ ကျောဘက်မှာ စတုရန်းကင်မရာကွက်သုံးထားပြီး 48MP main sensor ၊ 2MP depth sensor နဲ့အတူ LED flash တစ်ခုလည်း ပါရှိပါတယ်။ Camera Module အောက်မှာ Physical Fingerprint scanner အဖြစ် သုံးနိုင်မယ့် Motorola Logo တစ်ခုလည်း ထည့်ထားပါတယ်။

Snapdragon 460 SoC နဲ့အတူ RAM 4GB/64GB storage ပါရှိပြီး microSD card နဲ့ storage ထပ်တိုးနိုင်မှာပါ။ ဆော့ဖ်ဝဲလ်အနေနဲ့ Android 10 နဲ့ လာပါတယ်။ ဘက်ထရီပါဝါ 5000mAh ဟာ microUSB charging port ကနေ 10W charging အထိ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ Motorola ကတော့ ဒီဘက်ထရီဟာ ၂ ရက်အထိ အားခံမယ်လို့ ဆိုပါတယ်။

Moto E7 Plus ကို ဘရာဇီး ရီးလ် ၁၃၄၉ (မြန်မာငွေ ၃ သိန်း ၄ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က