တရုတ်မှာ မိတ်ဆက်ထားတာပါ

Xiaomi ဟာ waterdrop AMOLED display နဲ့ တန်ဖိုးသင့် 5G ဖုန်းတစ်လုံးကို တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။

Xiaomi Mi 10 Youth 5G ဟာ ပြီးခဲ့တဲ့ မတ်လက ဥရောပမှာ မိတ်ဆက်သွားတဲ့ Mi 10 Lite နဲ့ ဆင်ပြီး ကင်မရာပိုင်း နည်းနည်း ပြောင်းထားပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း နိုင်ငံတကာဈေးကွက်ကို မိတ်ဆက်ခဲ့တဲ့ Lie ဗားရှင်းအတိုင်း ဖြစ်ပြီး ကျောဘက်မှာ Gorilla Glass မှန်နဲ့ ကာထားပါတယ်။ ကင်မရာအိမ်ဟာ ထောင်လိုက်မှန်ပုံစံဖြစ်ပြီး ကွေးညွှတ်ထားတဲ့ အနားသတ်တွေနဲ့ လာပါတယ်။



Photo: Digit.in

Xiaomi ဟာ Mi 10 Youth ကို ပေါ့ပါးပြီး compact ဖြစ်တဲ့ 5G ဖုန်းတစ်လုံးအနေနဲ့ တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်တာပါ။ 4160mAh ဘက်ထရီနဲ့ လာပြီး ၁၉၂ ဂရမ်ပဲ လေးပါတယ်။ ကာလာအနေနဲ့ အဖြူရောင် ၊ မက်မွန်ရောင် ၊ အပြာရောင် ၊ အနက်ရောင်နဲ့ အစိမ်းနုရောင် ကာလာ ၅ မျိုးနဲ့ ထွက်ထားပါတယ်။ 

မျက်နှာပြင်အရွယ်အစား ၆.၅၇ လက်မ AMOLED display နဲ့ လာပြီး display ဟာ HDR 10+ ၊ 180Hz touch sampling rate နဲ့ တောက်ပမှုမှာ 800nits အထိ ပံ့ပိုးထားပါတယ်။ Waterdrop notch ထဲမှာတော့ 16MP ကင်မရာ ပါရှိပြီး in-display လက်ဗွေနည်းပညာ သုံးထားပါတယ်။ ကျောဘက်ကင်မရာမှာတော့ ဥရောပမှာ မိတ်ဆက်ခဲ့တဲ့ Lite ဗားရှင်းထက် ပိုကောင်းလာပါတယ်။

Youth Model ဟာ 48MP Quad Camera စနစ် သုံးပြီး Periscope Zoom ၊ 5x optical zoom နဲ့ 50x digital zoom တွေ ဆွဲရိုက်နိုင်မယ့် 8MP ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP wide-angle နဲ့ 2cm Macro ကင်မရာတွေ ပါရှိပါတယ်။ Xiaomi Mi 10 Youth ဟာ Mi 10 series မှာ ပါတဲ့ ကင်မရာ features အားလုံးနဲ့ ထွက်ထားတဲ့ ဖုန်းပါ။ 

Mi 10 ကင်မရာတွေမှာ ပါတဲ့ AI Sky replacement feature ၊ AI Magic Kaleidoscope ၊ AI Magic Avatar (clone mode) ၊ AI Magic Emoji ၊ ရှေ့နောက် ကင်မရာတွေ တစ်ပြိုင်တည်း ရိုက်နိုင်မယ့် dual-view mode တွေလည်း ပါရှိပါတယ်။ Xiaomi Mi 10 Youth 5G ဟာ Android 10 ကို အခြေခံထားတဲ့ MIUI 11 နဲ့ လာပါတယ်။

Photo: Caschys Blog


Snapdragon 765G processor သုံးထားပြီး RAM/storage ဗားရှင်း ၄ မျိုးနဲ့ ထွက်ထားပါတယ်။ RAM 6GB/64GB storage ကို ၂၀၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၂ သောင်းခန့်) ၊ RAM 6GB/128GB storage ကို ၂၂၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၆ သောင်းခန့်) ၊ RAM 8GB/128GB storage ကို ၂၄၉၉ ယွမ် (မြန်မာငွေ ၅ သိန်း) နဲ့ RAM 8GB/256GB storage ကို ၂၇၉၉ ယွမ် (မြန်မာငွေ ၅ သိန်း ၆ သောင်းခန့်) ဈေးတွေနဲ့ တရုတ်ဈေးကွက်မှာ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က