Quad Lens စနစ်သုံး ဖုန်း‌တွေပါ

တန်ဖိုးသင့် Samsung Galaxy A စီးရီး စမတ်ဖုန်းထဲက 5G ဗားရှင်း ဖုန်းသစ်နှစ်မျိုးကို ထပ်မံ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Samsung ဟာ Galaxy A71 5G နဲ့ Galaxy A51 5G ဆိုပြီး ဗားရှင်းနှစ်မျိုး ကြေညာသွားတာ ဖြစ်ပြီး နောက်ဆုံးပေါ် features တွေ ထည့်သွင်းထားပါတယ်။ ဒီဖုန်းတွေဟာ Samsung ရဲ့ Infinity O display ၊ Quad Camera နဲ့ တာရှည်ခံ ဘက်ထရီပါဝါစနစ်တွေ သုံးထားပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်က ထွက်ခဲ့တဲ့ Galaxy A (2020) စီးရီးကို အဆင့်မြှင့်တင်ထားတာပါ။



Photo: cdrinfo

Galaxy A51 5G ဟာ မျက်နှာပြင် ၆.၅ လက်မ Super AMOLED display နဲ့ လာပြီး A71 5G ကတော့ နည်းနည်း ပိုကြီးတဲ့ မျက်နှာပြင် ၆.၇ လက်မ Super AMOLED display ပါရှိပါတယ်။ မိုဘိုင်းဂိမ်းကစားလိုသူတွေအတွက် AI နည်းပညာသုံး Game Booster စနစ် ထည့်ပေးထားပါတယ်။ fingerprint စနစ်ကတော့ on-screen အမျိုးအစားနဲ့ လာပါတယ်။ 

ဘက်ထရီပဝါကိုလည်း နှစ်မျိုးစလုံးဟာ 4500 mAh သုံးထားပါတယ်။ အားသွင်းစနစ်အနေနဲ့ Galaxy A51 5G ဟာ 15W fast charging နဲ့ လာပြီး A71 5G ကတော့ 25W fast charging ပံ့ပိုးထားပါတယ်။ ရှေ့ဘက်မှာ 32MP selfie ကင်မရာ သုံးထားပြီး ကျောဘက် main cameras တွေကတော့ တစ်ခုနဲ့ တစ်ခု မတူပါဘူး။ 

Galaxy A51 5G ဟာ 48MP main sensor နဲ့ လာပြီး A71 5G ကတော့ 64MP main sensor ကို သုံးထားပါတယ်။ main sensor တွေကလွဲရင် ကျောဘက် ထောင်လိုက် စတုဂံပုံစံ ကင်မရာကွက်ထဲက L ပုံစံ ကင်မရာ sensor တွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ ဖုန်းနှစ်လုံးဟာ ကျောဘက်မှာ 12MP ultra-wide ကင်မရာ ၊ 5MP Depth sensor နဲ့ 5MP macro ဆိုပြီး ကင်မရာ sensor တွေ သုံးထားပါတယ်။ 

Photo: gizchina


processor အနေနဲ့ Octa-core Exynos 980 processor နဲ့ လာပြီး RAM 6GB နဲ့ 8GB ဗားရှင်းနှစ်မျိုး ထွက်ပါတယ်။ internal storage 128GB စီ ပါရှိပြီး microSD slot ကနေ 1TB အထိ ထပ်တိုးနိုင်မှာပါ။ OS အနေနဲ့ Android 10 ကို အခြေခံထားတဲ့ Samsung One UI 2.0 သုံးထားပါတယ်။ Galaxy A51 ဟာ အနက် ၊ အဖြူနဲ့ ပန်းရောင် ကာလာ ၃ ရောင်နဲ့ လာပြီး A71 ကတော့ အနက် မီးခိုးရောင်နဲ့ အပြာရော Prism Effect နဲ့ ထွက်လာပါတယ်။

Galaxy A51 5G ဟာ ဒေါ်လာ ၅၀၀ (မြန်မာငွေ ၇ သိန်း ၂ သောင်းခန့်) နဲ့ Galaxy A71 5G ကို ဒေါ်လာ ၆၀၀ (မြန်မာငွေ ၈ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က