ပေါ်တူဂီဈေးကွက်ထဲ ဖြန့်ချိထားပါတယ်

OPPO ဟာ Find X2 Lite နာမည်နဲ့ mid-range 5G ဖုန်းတစ်လုံးကို ကြေညာထားပါတယ်။


OPPO Find X2 Lite ဟာ 5G ကွန်ရက်ရတဲ့ Snapdragon 765G processor နဲ့ လာပြီး ပေါ်တူဂီဈေးကွက်မှာ ပထမဆုံး မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။ မျက်နှာပြင် ၆.၄ လက်မ FullHD+ AMOLED display သုံးထားတဲ့ ဒီဖုန်းဟာ မှန်ပြင်အောက် လက်ဗွေဖတ်စနစ်ကို သုံးထားပါတယ်။ display ဟာ waterdrop notch နဲ့ လာပြီး ကျောဘက်မှာ ထောင်လိုက် ကင်မရာ ၄ လုံး ပါရှိပါတယ်။



Photo: techgenyz


Screen ဟာ တောက်ပမှုအဆင့် 600nits အထိ ရှိပြီး အပေါ်မှာ 2.5D Gorilla Glass 5 မှန်ကွေးအုပ်ထားတာပါ။ display ဟာ TikTok ၊ VMate ၊ Instagram နဲ့ Likee တို့လို သီးသန့် app တွေအတွက် အရောင်ကြည်လင်ပြတ်သားမှု မြင့်စေမယ့် OPPO ရဲ့ Screen Image Engine (OSIE) နည်းပညာ ပါရှိပါတယ်။

notch ထဲမှာ 32MP selfie ကင်မရာ ပါရှိပြီး ကျောဘက်မှာ 48MP main sensor ၊ 8MP ultra-wide ကင်မရာ ၊ 2MP monochrome ကင်မရာနဲ့ retro portrait style 2MP ကင်မရာဆိုပြီး ကင်မရာ ၄ လုံးတွဲ သုံးထားပါတယ်။ 5G modem ပါ Qualcomm Snapdragon 765G Processor နဲ့ လာပြီး ‌ဒေါင်းလုပ်မြန်နှုန်းဟာ 1.6GB အထိ ရှိမယ်လို့ ဆိုပါတယ်။

RAM 8GB/128GB storage ထွက်ထားပြီး ဘက်ထရီပါဝါ 4025mAh သုံးထားပါတယ်။ အားသွင်းစနစ်အနေနဲ့ 30W VOOC flash charging ပါရှိပြီး မိနစ် ၂၀ အတွင်း ၃% ကနေ ၅၀% အထိ ဘက်ထရီအားသွင်းနိုင်တယ်လို့ ဆိုပါတယ်။ ဆော့ဖ်ဝဲလ်အနေနဲ့ Android 10 ကို အခြေခံထားတဲ့ ColorOS 7 သုံးထားပါတယ်။

OPPO FindX2 Lite ဟာ Moonlight Black နဲ့ Pearl White ကာလာ ၂ ရောင်နဲ့ လာပြီး ၄၉၉ ယူရို (မြန်မာငွေ ၇ သိန်း ၇ သောင်းခန့်) ဈေးနဲ့ ပေါ်တူဂီဈေးကွက်ထဲ ဖြန့်ချိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က