အရင်မော်ဒယ်ထက် ဒေါ်လာ ၁၀၀ သက်သာပါတယ်

Motorola ဟာ စွမ်းဆောင်ရည် ပိုမြင့်တဲ့ ဒုတိယမျိုးဆက် Foldable ဖုန်းသစ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Motorola Razr 5G ဖုန်းသစ်ဟာ ဒီအရင် ထွက်ထားတဲ့ Motorola Razr ရဲ့ အားနည်းချက်တွေကနေ သင်ခန်းစာယူထားတဲ့ ဖုန်းလို့ ဆိုနိုင်ပါတယ်။ Razr 5G ဖုန်းသစ်မှာ နာမည်အတိုင်း 5G ကွန်ရက်ချိတ်ဆက်မှုအပြင် ကင်မရာစွမ်းရည်ပိုကောင်းလာပြီး ဈေးလည်း ဒေါ်လာ ၁၀၀ ပိုသက်သာလာပါတယ်။



Photo: Tek Deeps

ဒီဇိုင်းအနေနဲ့ Razr ဖုန်းသစ်ဟာ သိပ်အပြောင်းအလဲ မရှိပါဘူး။အတွင်းဘက်မှာ ၆.၂ လက်မအရွယ် Foldable Display တစ်ခု ပါရှိပြီး ခေါက်ထားချိန်မှာnoti နဲ့ အချိန်နာရီစတဲ့ သတင်းအချက်အလက်တွေ ကြည့်နိုင်မယ့် ၂.၇ လက်မအရွယ် OLED Quick View display ငယ်တစ်ခုလည်း ပါရှိပါတယ်။

အပြောင်းအလဲအနေနဲ့ အရင်မော်ဒယ်ထက် ပိုပြီး မြန်ဆန်သွက်လက်တဲ့အပြင် 5G support ပါ ရလာတဲ့ Snapdragon 765G processor ကို သုံးလာသလို RAM ပမာဏကိုလည်း အရင် 6GB ကနေ 8GB အထိ တိုးလာပါတယ်။ internal storage အနေနဲ့လည်း 256GB အထိ နှစ်ဆတိုးပေးထားပါတယ်။

ဘက်ထရီပါဝါကိုလည်း ၂၀၁၉ မော်ဒယ် Razr ဖုန်းထက် ပိုကြီးတဲ့ 2800mAh နဲ့ လာပါတယ်။ ဘက်ထရီအားသွင်းမှုကိုလည်း 15W charging ပံ့ပိုးထားပါတယ်။ hardware ပိုင်းအပြောင်းအလဲတစ်ခုအနေနဲ့ fingerprint scanner ကို ကျောဘက်ဆီ ပြောင်းလိုက်တာပါတယ်။

Photo: xda-developers

နောက်ထပ်အပြောင်းအလဲတွေက ကင်မရာတွေပါပဲ။ ရှေ့ဘက် ဆယ်လ်ဖီကင်မရာဟာ အရင် 5MP ကနေ ဓါတ်ပုံအရည်အသွေး ပိုကောင်းတဲ့ 20MP sensor ကို ပြောင်းလာပါတယ်။ ကျောဘက်ကင်မရာဟာ 48MP သစ်နဲ့ လာပြီး OIS ရုပ်ငြိမ်စနစ်နဲ့ Laser Autofocus ပါ TOF sensor သုံးထားပါတယ်။

Android 10 စနစ် သုံးထားပြီး Polish Graphite (မီးခိုးရင့်ရောင် ) ၊ Liquid Mercury (ငွေရောင်) နဲ့ Blush Gold ကာလာတွေနဲ့ ထွက်ထားပါတယ်။ အမေရိကန်ဈေးကွက်မှာ ဒေါ်လာ ၁၄၀၀ (မြန်မာငွေ ၁၈ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က