Galaxy S11 ဖုန်းသစ်တွေမှာ သုံးသွားဖို့ရှိပါတယ်။
Nyein Min Wai

Exynos 980 မိတ်ဆက်ထားတာ ၂ လပဲ ရှိပေမယ့် နောက်ထပ် processor သစ်ကို Samsung ဟာ ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်ပါတယ်။

Exynos 990 processor သစ်ဟာ Samsung ရဲ့ 7nm EUV process နဲ့ထုတ်ထားတာ ဖြစ်ပြီး GPU ကတော့ Mali-G77 GPU ဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းမှာ အရင်ထုတ်ထားတဲ့ Exynos 9820 နဲ့Exynos 9825 တို့ထက် ဂရပ်ဖစ်စွမ်းရည်ပိုင်းနဲ့ပါဝါစွမ်းရည်ပိုင်းမှာ ၂၀% ပိုကောင်းလာတယ်လို့ဆိုပါတယ်။ Samsung ဟာ Exynos 990 မှာ 5G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ Exynos Modem 5123 သစ်လည်း မိတ်ဆက်ထားပါတယ်။

Photo: GSMArena

Exynos Modem 5123 ဟာ 2G ၊ 3G နဲ့4G ကွန်ရက်တွေ အပြင် sub-6GHz (အမြင့်ဆုံး ဒေါင်းလုပ်ဆွဲနှုန်း 5.1Gbps) နဲ့5G mmWave ( အမြင့်ဆုံး ဒေါင်းလုပ်ဆွဲနှုန်း 7.35 Gbps) ကွန်ရက်နှစ်မျိုးစလုံးပါ Support ပေးထားပါတယ်။ ဒီ 5G modem ဟာ 7nm EUV process ပေါ် တည်ဆောက်ထားတဲ့ ပထမဆုံး 5G modem chips တွေထဲက တစ်ခုဖြစ်သလို LTE networks တွေပေါ်မှာဆို 3Gbps အထိ အလုပ်လုပ်နိုင်မယ်လို့Samsung က ဆိုပါတယ်။

Samsung ရဲ့ ဒီ ပရီမီယံ processor ဟာ display တွေအတွက်ဆို 120Hz refresh rate အထိ ပံ့ပိုးမှု ပေးနိုင်သလို ကင်မရာကိုလည်း အမြင့်ဆုံး resolution 108MP အထိ ပါတဲ့ ကင်မရာ ၆ လုံးအထိ support ပေးမှာပါ။ CPU ဖွဲ့စည်းမှုဟာ tri-cluster ဖွဲ့စည်းမှုနဲ့လာပြီး custom core နှစ်ခု ၊ စွမ်းရည်မြင့် Cortex A76 နှစ်ခု နဲ့Cortex-A55 core ၄ ခုဆိုပြီး လာတာပါ။

Exynos 990 ဟာ dual core NPU သုံးထားပြီး အဆင့်မြှင့်ထားတဲ့ Digital Signal Processor (DSP) ဟာ တစ်စက္ကန့်ကို လုပ်ဆောင်ချက်ပေါင်း ၁၀ ထရီလီယံကျော် လုပ်ဆောင်နိုင်မယ်လို့ဆိုပါတယ်။ ဒီ processor သစ်ကို လာမယ့်နှစ်မှာ ထုတ်မယ့် Galaxy S11 ဖုန်းသစ်တွေမှာ မြင်ရဖို့ရှိပြီး ထုတ်လုပ်မှုကိုတော့ အခုနှစ်ကုန်မှာ စတင်ထုတ်လုပ်သွားမယ်လို့Samsung ကုမ္ပဏီက ထုတ်ပြန်ပါတယ်။


က္က