မြန်မာငွေ ၃ သိန်းတန် ဖုန်းပါ

MegaMonster လို့ ကြေညာသွားတဲ့ Samsung Galaxy M31 ဟာ တန်ဖိုးသင့်ဖုန်းတွေထဲမှာ အတန်ဆုံးမော်ဒယ်တစ်မျိုးလို့ ပြောနိုင်ပါတယ်။



Galaxy M31 ဟာ ဈေးနှုန်းချိုသာတယ်လို့ နာမည်ကြီးနေတဲ့ တရုတ်ဖုန်း brand တွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ဖုန်းလို့ ဆိုနိုင်ပါတယ်။ ဘက်ထရီပါဝါနဲ့ သုံးထားတဲ့ ကင်မရာမှာတော့ ပိုပြီး အင်အားကောင်းပါတယ်။ ဒါတင်မဟုတ်ဘဲ နောက်ဆုံးထွက်ထားတဲ့ Android 10 နဲ့ လာတဲ့ OneUI 2 လည်း ပါရှိပါတယ်။

Photo: Android Authority


Galaxy M31 မှာ USP (Unique Selling Point) သုံးခုရှိပါတယ်။ တစ်ခုက AMOLED display ပါ။ မျက်နှာြပင် ၆.၄ လက်မအရွယ် Galaxy M31 ဟာ FHD+ Super AMOLED display အမျိုးအစား သုံးထားပါတယ်။ Infinity-U display အမျိုးအစား ဖြစ်ပြီး U ပုံစံ notch ထဲမှာ 16MP selfie ကင်မရာ ထည့်ထားးပါတယ်။

နောက်ထပ် features တစ်ခုက 64MP Quad Camera စနစ် ဖြစ်ပါတယ်။ ကျောဘက် ပိုလီကာဗွန်နိတ်ကိုယ်ထည်ဘယ်ဘက် အပေါ်ထောင့်က ထောင်လိုက် စတုဂံကွက်ထဲမှာ Samsung ရဲ့ Tetracell pixel binning စနစ်သုံး 64MP အကြီးစား ကင်မရာ sensor ၊ 8MP ultrawide ကင်မရာ ၊ 5MP macro နဲ့ 5MP depth sensor တွေ သုံးထားပါတယ်။ fingerprint scanner ကိုလည်း ကျောဘက်မှာပဲ သုံးလာပါတယ်။

Samsung ဟာ Galaxy M31 ကင်မရာမှာ သီးသန့် Night Mode စနစ်တစ်ခု ထည့်ပေးထားသလို ရှေ့နဲ့ နောက်ကင်မရာနှစ်မျိုးစလုံးကနေ 4K video recording ဖမ်းယူနိုင်အောင် ထုတ်ထားပါတယ်။ Exynos 9611 chipset ၊ RAM 6GB/4GB ၊ 64GB/128GB stroage ဗားရှင်းတွေနဲ့ ထွက်ထားပြီး microSD card ကနေ storage ထပ်မြှင့်နိုင်မှာပါ။


Photo: Android Authority

Galaxy M31 ဟာ တစ်ခါအားအပြည့်သွင်းထားတာနဲ့ ၂ ရက်ကြာအောင် သာသာယာယာအသုံးခံမယ့် 6000mAh ဧရာမဘက်ထရီကြီး သုံးထားပါတယ်။ Samsung ရဲ့ အဆိုအရ အင်တာနက်သုံးမယ်ဆို ၂၁ နာရီအထိ အသုံးခံမယ့်ဘက်ထရီလို့ ဆိုပါတယ်။ အားသွင်းစနစ်မှာတော့ 15W charger နဲ့ အမြန်အားသွင်းနိုင်မှာပါ။

Galaxy M31 ဟာ အနက်နဲ့ အပြာ ကာလာ ၂ ရောင်နဲ့ လာပါတယ်။ base version ဖြစ်တဲ့ RAM 4GB/64GB storage ကို ၁၄၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်းခန့်) နဲ့ အမြင့်ဆုံးမော်ဒယ် RAM 6GနB/128GB storage ကို ၁၅၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်း ၂ သောင်းကျော်) ဈေးတွေနဲ့ မတ်လ ၅ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က