အကြီးစား display နဲ့ budget ဖုန်းပါ

အိန္ဒိယဈေးကွက်မှာ ရောင်းချနေတဲ့ မြန်မာငွေ ၂ သိန်းအောက်တန် Tecno Spark Power 2 ဟာ စိတ်ဝင်စားစရာဘက်ဂျက်ဖုန်း ဖြစ်ပါတယ်။

Tecno Spark Power 2 ဟာ Tecno Spark စီးရီးထဲက အသစ်မိတ်ဆက်လိုက်တဲ့ တန်ဖိုးနည်းဖုန်းဖြစ်ပြီး အကြီးစား မျက်နှာပြင်နဲ့ ဘက်ထရီပါဝါက ထူးခြားနေပါတယ်။ Spark Power 2 ဟာ မျက်နှာပြင် ၇ လက်မ ရှိပြီး 20.5:9 အချိုးနဲ့ ထွက်ထားတာပါ။ display resolution ဟာ 1640 x 720p ရုပ်ထွက်ပါရှိပြီး waterdrop notch သုံးထားပါတယ်။ notch ထဲမှာ 16MP selfie ကင်မရာ သုံးထားပြီး ကျောဘက်မှာ ထောင်လိုက် စတုဂံပုံစံ ကင်မရာကွက် ပါရှိပါတယ်။



Photo: myhotnewspk


လေးလုံးတွဲကင်မရာစနစ် သုံးထားပြီး ထောင်လိုက် Quad Lens ထဲမှာ 16MP main sensor ၊ 5MP ultra wide ကင်မရာ ၊ 2MP macro lens နဲ့ Bokeh effect အတွက် AI Lens တစ်ခု ပါရှိပါတယ်။ fingerprint scanner ကိုလည်း ကျောဘက်မှာပဲ တပ်ဆင်ထားတာ ဖြစ်ပြီး လက်ဗွေဖတ်စနစ်ကို ကင်မရာခလုတ်လိုလည်း သုံးနိုင်သလို နှိုူးစက် ပိတ်ဖို့နဲ့ ဖုန်းခေါ်ဆိုမှုတွေ အသံဖမ်းဖို့အတွက်ပါ သုံးနိုင်မှာ ဖြစ်ပါတယ်။

Tecno Spark Power 2 ဟာ Helio P22 SoC နဲ့ လာပြီး RAM 4GB/64GB storage အထိ ထည့်ပေးထားပါတယ်။ storage အနေနဲ့ ထပ်ပြီး တိုးနိုင်ဖို့ MicroSD card လည်း သုံးနိုင်မှာ ဖြစ်ပါတယ်။ ဘေးဘောင်မှာ Google Assistant ခလုတ်ထည့်ပေးထားပြီး စတီရီယိုအသံအတွက်လည်း Dual speaker တွေ ပါရှိပါတယ်။

ဘက်ထရီပါဝါဟာ 6000 mAh ဖြစ်ပြီး microUSB port ကနေ 18W charging နှုန်းနဲ့ အားသွင်းနိုင်မှာပါ။ Android 10 ကို အခြေခံထားတဲ့ HiOS 6.1 နဲ့လာပြီး Ice Jade အစိမ်းနဲ့ Misty Grey မီးခိုးမှိုင်း နှစ်ရောင်နဲ့ လာပါတယ်။ အိန္ဒိယမှာ ၉၉၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၈ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က