Realme ရဲ့ နောက်ထပ် တန်ဖိုးနည်းဖုန်း

Realme တန်ဖိုးသင့် C-series ကနေ အသစ်ထွက်လာတဲ့ Realme C12 ကို အင်ဒိုနီးရှားမှာ မိတ်ဆက်လိုက်ပါတယ်။

Realme C12 ဟာ entry-level ဖုန်းတစ်လုံးဖြစ်ပြီး ကျောဘက်မှာ စတုရန်းကင်မရာကွက်နဲ့ Geometric Gradient ဒီဇိုင်း သုံးထားပါတယ်။ waterdrop notch သုံးထားပြီး ၆.၅ လက်မ HD+ LCD display နဲ့ လာပါတယ်။ တန်ဖိုးနည်းဖုန်းတစ်လုံးအနေနဲ့ Realme C12 မှာ ချီးကျူးစရာ Specs တွေ အတော်လေး သုံးထားပါတယ်။



Photo: GSMArena

ဒီဖုန်းမှာ ဧရာမ 6000 mAh ဘက်ထရီပါဝါ ပါရှိပြီး Charging speed ကတော့ 10W ပဲ ပါရှိမှာပါ။ display အောက်ခြေမှာ ဘောင်အနည်းငယ် ထူပြီး အပေါ် notch ထဲမှာ 5MP selfie ကင်မရာ သုံးလာပါတယ်။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာက ကျောဘက်မှာ သုံးလုံးတွဲ ကင်မရာစနစ်ကို သုံးလာတာ ဖြစ်ပါတယ်။

မြန်မာငွေ ၂ သိန်းအောက်တန် ဒီဖုန်းမှာ 13MP primary sensor ၊ 2MP monochrome sensor နဲ့ 2MP macro lens ဆိုပြီး ကျောဘက် ကင်မရာ သုံးလုံး ပါရှိပါတယ်။ ကင်မရာ features တွေအနေနဲ့ beauty mode, HDR, panoramic view, portrait mode, time-lapse, HDR, slow-motion, nightscape စတဲ့ လုပ်ဆောင်ချက်တွေ သုံးနိုင်မှာပါ။


Photo: techandroids

Helio G35 SoC ၊ RAM 3GB/32GB storage နဲ့အတူ microSD card ကနေ ထပ်ပြီး storage မြှင့်နိုင်အောင်လည်း လုပ်ပေးထားပါတယ်။ OS စနစ်အနေနဲ့ Android 10 ကို အခြေခံထားတဲ့ Realme UI နဲ့ လာပါတယ်။ ကျောဘက်မှာ fingerprint scanner သုံးထားပြီး Marine Blue နဲ့ Coral Red ကာလာ ၂ ရောင်နဲ့ ထွက်ထားပါတယ်။

အင်ဒိုနီးရှားဈေးကွက်မှာ ရူးပတ် ၁၈၉၉၀၀၀ (မြန်မာငွေ ၁ သိန်း ၇ သောင်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က