ဈေးအနည်းဆုံး 64MP Quad camera ဖုန်းပါ
Nyein Min Wai

ဈေးအသက်သာဆုံး 64MP ကင်မရာဖုန်းလိုချင်တယ်ဆိုရင် Redmi Note 8 Pro က မျက်စိကျချင်စရာပါ။


Realme XT နဲ့မရှေးမနှောင်းမှာ Xiaomi ဟာ 64MP ကင်မရာ သုံးထားတဲ့ Redmi Note 8 Pro ကို ကြေညာသွားပါတယ်။ Redmi Note 7 မှာကတည်းက 48MP ကင်မရာနဲ့စမတ်ဖုန်း users တွေအကြား လူကြိုက်များခဲ့ပြီး အခုဆို 64MP ကင်မရာအလန်းကြီးနဲ့ထွက်လာတာပါ။

Photo: GSMArena

Redmi Note 8 Pro ဟာ 48MP ကင်မရာမှာလိုပဲ အလင်းဖမ်းယူမှု ပိုကောင်းစေမယ့် quad binning pixel နည်းပညာ သုံးထားတာ ဖြစ်ပြီး 48MP ကင်မရာမှာ 12MP ပုံတွေ ထုတ်နိုင်ပြီး အခု Samsung GW1 64MP sensor သုံးထားတဲ့ Redmi Note 8 Pro မှာဆိုရင် 16MP ပုံတွေ ထွက်အောင် ရိုက်ကူးနိုင်တော့မှာပါ။ တစ်နည်းအားဖြင့် အလင်းပို ဖမ်းလို့ကောင်းမယ့် ကင်မရာစနစ်လို့ဆိုနိုင်ပါတယ်။

ကျန်တဲ့ အချက်အလက်တွေနဲ့လည်း Redmi Note 8 Pro ဟာ ခေတဲ့ ဖုန်းတော့ မဟုတ်ပါဘူး။ မျက်နှာပြင် ၆.၅၅ လက်မ အကြီးစား မှန်ပြင်နဲ့လာပြီး သတင်းတွေအတိုင်း Gaming အသားပေး chipset ဖြစ်တဲ့ MediaTek ရဲ့ Helio G90T processor ပါလာပါတယ်။

RAM 6GB နဲ့8GB နှစ်မျိုးထွက်ပြီး storage ကိုတော့ 64GB နဲ့128GB ဆိုပြီး လာပါတယ်။ 4500 mAh ဘက်ထရီပါဝါဟာ 18W quick-charging အားသွင်းစနစ်ပါလာပြီး ထူးခြားတာက မိုဘိုင်းဂိမ်းသမားတွေအတွက် liquid cooling chamber တစ်ခု ပါရှိပါတယ်။ ဂိမ်းကစားမှုကို ချောမွေ့ညက်ညောစေဖို့အတွက် WiFi နဲ့4G လိုင်းနှစ်မျိုးစလုံးနဲ့ချိတ်ဆက်ပေးနိုင်တဲ့ feature တစ်ခုလည်း ပါဝင်လာပါတယ်။

Photo: Revu PH

waterdrop notch ထဲမှာ AI လုပ်ဆောင်ချက်တွေ အများအပြား ပါဝင်တဲ့ 20MP ဆယ်လ်ဖီကင်မရာ ပါပြီး ကျောဘက် panel အလယ်မှာ ထောင်လိုက် လေးလုံးတွဲ ကင်မရာတွေ ဖြစ်တဲ့ 64MP ပင်မကင်မရာ ၊ 8MP ultra-wide ကင်မရာ ၊ 2MP depth ကင်မရာနဲ့2MP macro ကင်မရာများ အသုံးပြုထားပါတယ်။ အရောင်အနေန့အနက် ၊ အစိမ်းနဲ့အဖြူကာလာ ၃ ရောင် ထွက်ထားပါတယ်။

Redmi Note 8 Pro အနိမ့်ဆုံးမော်ဒယ် RAM 6GB/64GB storage ကို ၁၃၉၉ ယွမ် ( မြန်မာငွေ ၃ သိန်းခန့်) ၊ RAM 8GB/128GB storage ကို ၁၇၉၉ ယွမ် ( မြန်မာငွေ ၃ သိန်း ၈ သောင်းကျော်) ဈေးတွေနဲ့လာမယ့် စက်တင်ဘာလထဲမှာ ရောင်းချသွားမှာပါ။


က္က