5G ၊ 64MP quad lens တို့နဲ့ ထွက်လာတာပါ

Huawei ဟာ Nova 7 စီးရီး 5G ဖုန်းသစ်သုံးမျိုးကို တရုတ်ဈေးကွက်မှာ မိတ်ဆက်ကြေညာလိုက်ပါတယ်။

Huawei Nova 7 စီးရီးကနေ အသစ်ထွက်လာတဲ့ Nova 7 ၊ Nova 7 SE နဲ့ Nova 7 Pro တို့အားလုံးဟာ 5G ဖုန်းတွေ ဖြစ်ပြီး အားကောင်းတဲ့ processor ၊ တန်ဖိုးသင့် ဈေးနှုန်းနဲ့ ဆွဲဆောင်မှုမြင့်တဲ့ ဒီဇိုင်းတွေ သုံးထားတာပါ။ ဒီစီးရီးမှာ အထင်ကြီးစရာကောင်းတာကတော့ punch-hole ကင်မရာနဲ့ OLED display ကို ပထမဆုံးအကြိမ် တွဲဖက်အသုံးပြုလာတာ ဖြစ်ပါတယ်။




Photo: gizmochina

Nova 7 Pro ကတော့ ဖုန်းသုံးမျိုးထဲမှာ အမြင့်ဆုံးမော်ဒယ်ပါ။ မျက်နှာပြင် ၆.၅၇ လက်မ OLED curved display နဲ့ လာပြီး ရုပ်ထွက် 2340 x 1080p ပါရှိပါတယ်။ TUV Rheinland ထောက်ခံချက်ရ display ဖြစ်ပြီး dual-punch hole ဆယ်လ်ဖီစနစ် သုံးထားပါတယ်။ မှန်ပြင်အောက် လက်ဗွေနည်းပညာ သုံးထားပြီး 32MP နဲ့ 8MP ဆယ်လ်ဖီကင်မရာတွေ ပါရှိပါတယ်။

ကျောဘက်မှာ 64MP main sensor ၊ 8MP ultra-wide ၊ OIS ရုပ်ငြိမ်စနစ် ပါရှိပြီး 5x optical နဲ့ 50x Hybrid zoom အထိ ဆွဲရိုက်နိုင်မယ့် 8MP periscope ကင်မရာ နဲ့အတူ 2MP macro lens တို့ သုံးထားပါတယ်။ Nova 7 Pro ဟာ Kirin 985 chipset ၊ RAM 8GB/256GB storage အထိ ပါရှိပြီး 40W charging အထိ ပံ့ပိုးထားတဲ့ 4000 mAh ဘက်ထရီ ပါရှိပါတယ်။ 

Photo: Nova 7


Nova 7 Pro ဟာ အနက် ၊ ခရမ်း ၊ အစိမ်း ၊ အနီနဲ့ ငွေရောင် ကာလာတွေနဲ့ လာပြီး RAM 8GB/128GB storage ကို ယွမ် ၃၇၀၀ (မြန်မာငွေ ၇ သိန်းခွဲခန့်) နဲ့ RAM 8GB/256GB storage ကို ယွမ် ၄၁၀၀( မြန်မာငွေ ၈ သိန်း ၃ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။

Nova 7 မော်ဒယ်ဟာ မျက်နှာပြင် ၆.၅၃ လက်မ OLED display နဲ့လာပြီး 32MP single punch hole နဲ့ ထွက်ထားပါတယ်။ ဒီဖုန်းမှာလည်း မှန်ပြင်အောက် လက်ဗွေနည်းပညာထည့်ထားပြီး ကျောဘက်မှာ 64MP main sensor ၊ 3x optical နဲ့ 5x hybrid zoom ဆွဲရိုက်နိုင်တဲ့ 8MP telel lens ၊ 8MP ultra-wide နဲ့ 2MP macro ကင်မရာတွေ ပါရှိပါတယ်။

သုံးတဲ့ အရောင် ၊ Processor ၊ RAM/storage နဲ့ ဘက်ထရီပါဝါတွေ ကတော့ Nova 7 Pro အတိုင်း ဖြစ်ပြီး RAM 8GB/128GB storage ဗားရှင်းကို ယွမ် ၃၀၀၀ (မြန်မာငွေ ၆ သိန်းကျော်) နဲ့ RAM 8GB/256GB storage ကို ယွမ် ၃၄၀၀ (မြန်မာငွေ ၆ သိန်း ၈ သောင်းခွဲကျော်) ဈေးတွေနဲ့ တရုတ်ဈေးကွက်ထဲ ရောင်းချသွားမှာပါ။


Photo: gizmochina

Nova 7 SE ကတော့ ဒီမော်ဒယ် ၃ မျိုးမှာ ဈေးအနည်းဆုံး ဖြစ်ပြီး ၆.၅ လက်မ IPS LCD display နဲ့ 16MP punch hole ဆယ်လ်ဖီကင်မရာ ပါရှိပါတယ်။ LCD display ဖြစ်လို့ မှန်ပြင်အောက် လက်ဗွေအစား ဘေးဘောင် Side-mounted fingerprint နဲ့ လာပါတယ်။ ကျောဘက်မှာ 64MP main sensor ၊ 8MP ultra-wide ၊ 2MP depth sensor နဲ့ 2MP macro lens ဆိုပြီး လေးလုံးတွဲ ကင်မရာတွေ သုံးထားပါတယ်။

Kirin 820 5G chipset ၊ RAM 8GB ၊ 128GB/256GB storage ၊ 40W fast charging ပါ 4000 mAh ဘက်ထရီ ပါရှိပါတယ်။ Nova 7 SE ဟာ အနက် ၊ ခရမ်း ၊ အစိမ်း နဲ့ ငွေရောင် ကာလာတွေနဲ့ ထွက်ထားပြီး ယွမ် ၂၄၀၀ ( မြန်မာငွေ ၄ သိန်း ၈ သောင်းခွဲ) နဲ့ ယွမ် ၂၈၀၀ (မြန်မာငွေ ၅ သိန်း ၆ သောင်းခွဲ) ကျသင့်မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က