အိန္ဒိယဈေးကွက်မှာ အရင်ဆုံး မိတ်ဆက်ထားပါတယ်
Nyein Min Wai

Samsung ရဲ့ mid-ranger ဖြစ်တဲ့ A-series ဟာ အခုဆို 64MP ကင်မရာသုံးလာပြီ ဖြစ်ပါတယ်။

Galaxy A70s ဟာ Samsung ရဲ့ 64MP Bright GW1 sensor သစ်နဲ့လာတာ ဖြစ်ပြီး ရှေ့ဒီဇိုင်းကတော့ သိပ်ထူးခြားသွားတာ မဟုတ်ပါဘူး။ ကျောဘက် panel ဟာ သလင်းကျောက်တစ်လုံးရဲ့ ရောင်စဉ်ပြေး 3D ဒီဇိုင်း သစ် သုံးသွားပါတယ်။ 3D gradient ဒီဇိုင်းကြောင့် မျက်စိပသာဒဖြစ်ပြီး လူငယ်ဆန်ဆန် ပေါ့ပါးတဲ့ ဟန်ဖြစ်လာပါတယ်။

Photo: GSMArena

မျက်နှာပြင်အရွယ်အစား ၆.၇ လက်မဟာ FHD+ Super AMOLED display ကို သုံးထားပြီး မှန်ပြင်အောက်မှာ လက်ဗွေထည့်ထားပါတယ်။ waterdrop notch ဒီဇိုင်းပဲ ဖြစ်ပြီး ဒီ notch ထဲမှာ 32MP ဆယ်လ်ဖီကင်မရာ ပါရှိပါတယ်။ Galaxy A50s နဲ့Galaxy A90 တို့မှာလည်း 32MP ဆယ်လ်ဖီကင်မရာသုံးထားပြီး လူငယ်စမတ်ဖုန်း users တွေ နှစ်သက်ကြတဲ့ Live Focus လို features တွေ ပါထားပါတယ်။

Galaxy A70s မှာ ထူးခြားတာက 64MP ကင်မရာကို ပထမဆုံးအကြိမ် သုံးလာတာပါ။ သူ့အရင် ထွက်ခဲ့တဲ့ Galaxy A50s မှာဆို 48MP primary camera သုံးသွားတာ ဖြစ်ပါတယ်။ Galaxy A70s မှာတော့ 64MP ကင်မရာနဲ့အတူ 8MP ultrawide ကင်မရာနဲ့5MP depth sensor ဆိုပြီး သုံးလုံးတွဲ ကင်မရာ သုံးလာပါတယ်။

Photo: yugatech


software ပိုင်းမှာ Android 9 Pie ကို အခြေခံထားတဲ့ OneUI ပါရှိပြီး 25W fast charging ပံ့ပိုးမှုပါတဲ့ 4500 mAh ဘက်ထရီ ၊ Snapdragon 675 SoC နဲ့128GB storage ပါဝင်ပါတယ်။ RAM ကိုတော့ 6GB နဲ့8GB နှစ်မျိုးနဲ့ထွက်ထားပြိး အိန္ဒိယဈေးကွက်မှာ စတင်ရောင်းချသွားမှာပါ။

RAM 6GB ဗားရှင်းကို ၂၈၉၉၉ ရူပီး ( မြန်မာငွေ ၆ သိန်း ၂ သောင်းကျော်) နဲ့RAM 8GB ဗားရှင်းကို ၃၀၉၉၉ ရူပီး ( မြန်မာငွေ ၆ သိန်း ၇ သောင်းကျော်) ဈေးတွေနဲ့အွန်လိုင်းနဲ့အပြင်စတိုးတွေမှာ ရောင်းချသွားမယ်လို့ဆိုပါတယ်။


က္က