Dimensity 800 SoC သုံးထားပါတယ်

Dimensity 800 processor သုံးထားတဲ့ Huawei ထုတ် 5G ဖုန်းတစ်လုံးကို တရုတ်ဈေးကွက်မှာ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Huawei Maimang 9 5G ဟာ ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့ Maimang 8 ကို ဆက်ခံတဲ့ ဖုန်းဖြစ်ပြီး Kirin processor ကနေ MediaTek Dimensity ကို ပြောင်းသုံးလာတာပါ။ ၂၀၂၀ ထုတ် ဖုန်းတစ်လုံးဖြစ်ပြီး 5G support ပေးထားပါတယ်။ punch-hole display နဲ့အတူ အကြီးစားဘက်ထရီနဲ့ 64MP triple lens က ဒီဖုန်းရဲ့ Key specs လို့ ဆိုနိုင်ပါတယ်။



Photo: giztop

ကျောဘက်မှာ 3D curved back သုံးထားပြီး ရှေ့ဘက် ၆.၈ လက်မ FHD+ display နဲ့ လာပါတယ်။ display အပေါ် ဘယ်ဘက်ထောင့် punch-hole ထဲမှာ 16MP selfie ကင်မရာ ထည့်သွင်းထားပါတယ်။ ကျောဘက်မှာ ထောင်လိုက် ၃ လုံးတန်း ကင်မရာ ဖြစ်တဲ့ 64MP main sensor ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ်် ရိုက်ကူးနိုင်မယ့် 8MP ultrawide နဲ့ 2MP depth sensor တို့ ပါဝင်ပြီး EIS ရုပ်ငြိမ်စနစ် ၊ super night scene mode နဲ့ 4K video recording တို့လည်း သုံးနိုင်မှာပါ။

Huawei Maimang 9 5G ဟာ Dimensity 800 5G သုံးထားပြီး dual-mode 5G ကွန်ရက် ပံ့ပိုးထားပါတယ်။ 22.5W charging ပါ 4300mAh ဘက်ထရီ ၊ ဘေးဘောင်လက်ဗွေနည်းပညာ နဲ့ Android 10 ကို အခြေခံထားတဲ့ EMUI 10.1 စနစ်နဲ့လာပါတယ်။ အစိမ်း ၊ အဖြူနဲ့ အနက်အရောင် ၃ မျိုး လာပြီး RAM 6GB/128GB storage နဲ့ RAM 8GB/128GB storage ဗားရှင်းနှစ်မျိုး ထွက်ထားပါတယ်။

RAM 6GB ဗားရှင်းကို ၂၁၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၂ သောင်းခွဲခန့်) နဲ့ RAM 8GB ဗားရှင်းကို ၂၃၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၆ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က