upper mid-range 5G ဖုန်းတွေပါ

mid-range 5G chipset နဲ့ OLED panel သုံးထားတဲ့ Reno 4 စီးရီးသစ်ကို တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။  



၂၀၁၉ ဧပြီလထဲမှာ စတင်မိတ်ဆက်ခဲ့တဲ့ OPPO Reno series ဟာ ခေတ်ပေါ်စမတ်ဖုန်းတစ်လုံးရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံး features တွေ ထည့်သွင်းထားတဲ့ ဖုန်းစီးရီးတစ်ခုလို့ ဆိုနိုင်ပါတယ်။ Reno 4 စီးရီးအနေနဲ့ Reno 4 နဲ့ Reno 4 Pro ဆိုပြီး နှစ်မျိုးလာပါတယ်။ ဒီဖုန်းတွေဟာ OLED display ၊ Snapdragon 765G processor နဲ့ triple lens ကင်မရာစနစ် သုံးထားတာ ဖြစ်ပါတယ်။


Photo: GSMArena

Pro မော်ဒယ်ကတော့ နာမည်အတိုင်း ပိုပြီး အဆင့်မြှင့်ထားတဲ့ ဗားရှင်းတစ်ခုအဖြစ် မြင်ရမှာပါ။ Reno 4 Pro ဟာ ၆.၅ လက်မ display ကိုမှ 32MP single punch hole ကင်မရာပေါက် သုံးထားပါတယ်။ 90Hz refresh rate screen တစ်ခု သုံးထားပြီး ကျောဘက်ကင်မရာဒီဇိုင်းကတော့ Reno 4 ရိုးရိုးနဲ့ တစ်ပုံစံတည်း ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၄ လက်မအရွယ် Reno 4 မော်ဒယ်မှာ နည်းနည်းထူးခြားတာက dual punch-hole ကင်မရာပေါက်နဲ့ လာပြီး 32MP + 2MP depth sensor နှစ်လုံးတွဲဆယ်လ်ဖီကင်မရာစနစ် ပါရှိတာ ဖြစ်ပါတယ်။

Reno 4 Pro မှာ ကျောဘက် 48MP ကင်မရာကိုမှ OIS စနစ် ထည့်သွင်းထားပြီး 12MP ultrawide sensor နဲ့ 5x hybrid /20x digital zoom ဆွဲနိုင်မယ့် 13MP telephoto module နဲ့ လာပါတယ်။ Reno 4 ရိုးရိုးမော်ဒယ်ဟာ 48MP main sensor နဲ့အတူ 8MP ultrawide နဲ့ 2MP depth sensor တွေ သုံးထားပါတယ်။ အလင်းအားနည်းချိန် ကာလာမှန်ပြီး အသေးစိတ်ရုပ်ထွက်ကောင်းမယ်လို့ ဆိုထားတဲ့ Live HDR video စနစ်လည်း ပါရှိပါတယ်။

Photo: En24 News


ဖုန်းနှစ်မျိုးစလုံးဟာ Snapdragon 765G processor နဲ့လာပြီး RAM 12GB/256GB storage အထိ သုံးလာပါတယ်။ 5G ကွန်ရက်ချိတ်ဆက်နိုင်ပြီး Android 10 ကို အခြေခံထားတဲ့ ColorOS 7.2 ပါရှိပါတယ်။ ဘက်ထရီပါဝါ 4000 mAh ဖြစ်ပြီး 65W fast charging ပါတဲ့ SuperVOOC 2.0 စနစ် သုံးထားပါတယ်။ Reno 4 ကို အနက် ၊ အပြာနဲ့ ခရမ်းကာလာတွေနဲ့ ဝယ်နိုင်ပြီး Pro မော်ဒယ်ဟာ အနက် ၊ အစိမ်း ၊ အဖြူအပြင် အထူးအရောင်အနေနဲ့ အပြာနဲ့ အနီကာလာပြေးနှစ်ရောင်ပါ ထွက်ထားပါတယ်။

Reno 4 (8GB/128GB) မော်ဒယ်ကို ၂၉၉၉ ယွမ် (မြန်မာငွေ ၆ သိန်းခန့်) နဲ့ 8GB/256GB မော်ဒယ်ကို ၃၂၉၉ ယွမ် (မြန်မာငွေ ၆ သိန်းခွဲကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ Pro မော်ဒယ် (8GB/128GB) ကို ၃၇၉၉ ယွမ် (မြန်မာငွေ ၇ သိန်းခွဲကျော်) နဲ့ 12GB/256GB storage ကို ၄၂၉၉ ယွမ် (မြန်မာငွေ ၈ သိန်းခွဲကျော်) ဈေးတွေနဲ့ တရုတ်ဈေးကွက်မှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က