၁၀.၃ ဆိုဒ် တက်ဘလက်ဖြစ်ပါတယ်
Nyein Min Wai

Lenovo ဟာ M10 Plus နာမည်နဲ့ တက်ဘလက်သစ်တစ်လုံးကို တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။

Lenovo M10 Plus ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက မိတ်ဆက်ခဲ့တဲ့ Lenovo M10 FHD REL နဲ့ ဆင်ပြီး ပိုကောင်းအောင် အဆင့်မြှင့်ထားတာပါ။ မျက်နှာပြင်အရွယ်အစား ၁၀.၃ လက်မရှိပြီး 1920 x 1200p FHD resolution ထွက်ပါတယ်။ ဘေးဘောင်သားတွေကို ပါးအောင် ထုတ်ထားပြီး Screen နဲ့ ကိုယ်ထည်အချိုးက ၈၇% ရှိလာပါတယ်။ display ဟာ မျက်လုံးထိခိုက်မှုနည်းစေမယ့် TUV Rheinland ထောက်ခံချက် ရထားပါတယ်။ 

Photo: gizchina


processor အနေနဲ့ 12nm MediaTek Helio P22T processor သုံးထားပြီး RAM 4GB ပါရှိပါတယ်။ storage ကိုတော့ 64GB နဲ့ 128GB နှစ်မျိုးနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပြီး Android 9 Pie စနစ် သုံးထားပါတယ်။ Lenovo M10 Plus ဟာ ၈.၁၅ မီလီမီတာပဲ ထူပြီး အလေးချိန် ၄၈၀ ဂရမ်ပဲ ရှိပါတယ်။ တက်ဘလက်ရဲ့ ဘေးနှစ်ဖက်မှာ Dolby Atmos အသံစနစ်ပံ့ပိုးထားတဲ့ စပီကာတွေ ပါရှိပါတယ်။

ရှေ့ဘက်မှာ 8MP ကင်မရာနဲ့ ကျောဘက်မှာ Autofocus ပါ 13MP ကင်မရာ သုံးထားပါတယ်။ ဒီတက်ဘလက်မှာ ဂိမ်းအကြာကြီး ကစားတဲ့ ကလေးတွေအတွက် မျက်လုံးမထိခိုက်အောင် ကာကွယ်ပေးမယ့် Child Mode တစ်ခု ပါရှိပါတယ်။ ဘက်ထရီပါဝါဟာ 7000 mAh ဖြစ်ပြီး USB-C port ကနေ 10W charging နဲ့ အားသွင်းနိုင်မှာပါ။ WiFi နဲ့ LTE နှစ်မျိုးစလုံး ပံ့ပိုးပေးထားပြီး တစ်ခြား accessories တွေနဲ့ ချိတ်ဆက်ဖို့အတွက် POGO pins တွေ ပါရှိပါတယ်။

Lenovo M10 Plus ဟာ မီးခိုးရောင်ကာလာတစ်မျိုးတည်းနဲ့ လာပြီး ၁၅၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၂ သောင်းခန့်) ဈေးနဲ့ တရုတ်ဈေးကွက်မှာ ရောင်းချနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က