အကြီးစားဘက်ထရီပါဝါနဲ့ Samsung Mid-ranger ဖုန်းပါ

ဧရာမဘက်ထရီပါဝါတွေ သုံးတဲ့ Galaxy M စီးရီးကနေ နောက်ထပ် Mid-tier တစ်လုံး ထွက်လာပါတယ်။


Galaxy M51 ဟာ ဂျာမနီဈေးကွက်မှာ တရားဝင်မိတ်ဆက်လိုက်တဲ့ ဖုန်းဖြစ်ပြီး power Bank တစ်လုံးလောက် ကြီးမားတဲ့ 7000mAh ဘက်ထရီနဲ့ လာပါတယ်။ အားသွင်းမှုအနေနဲ့ 25W fast charging အထိ ပံ့ပိုးထားပါတယ်။ 



Photo: GSMArena

Infinity O displayပုံစံနဲ့ လာပြီး မျက်နှာပြင် ၆.၇ လက်မ Super AMOLED+ display သုံးသွားပါတယ်။ ဒီနှစ်ထဲ ထွက်လာတဲ့ တန်ဖိုးကြီး Galaxy S နဲ့ Note Series တွေလိုမျိုး ဒီဇိုင်းနဲ့ လာတာ ဖြစ်သလို ကင်မရာကိုလည်း ထောင်လိုက်စတုဂံကင်မရာကွက်ပုံစံကို သုံးထားပါတယ်။

ကင်မရာအနေနဲ့ ကျောဘက်မှာ လေးလုံးတွဲ Quad-camera setup နဲ့ လာပြီး အရှေ့ဘက် Infinity-O cutout ထဲမှာ 32MP selfie lens ပါရှိပါတယ်။ ကျောဘက်မှာ 64MP main sensor ၊ 12MP ultra-wide lens ၊ 5MP depth sensor နဲ့ 5MP macro sensor တို့ သုံးထားပါတယ်။ 

Photo: GSMArena

Galaxy M51 ဟာ 4G LTE support ပေးထားတဲ့ ဖုန်းဖြစ်ပြီး ဘေးဘောင်ကိုယ်ထည်မှာ လက်ဗွေခလုတ်တပ်ဆင်ထားပါတယ်။ လုံခြုံရေးအတွက် Samsung Knox နည်းပညာ ပါရှိပါတယ်။ RAM 6GB/126GB storage တစ်မျိုးတည်း ထွက်ထားပြီး microSD card ကနေ 512GB အထိ ထပ်တိုးနိုင်မှာပါ။

processor အမျိုးအစား မသိရဘဲ octa-core processor လို့ပဲ ဖော်ပြထားပါတယ်။ အနက်နဲ့ အဖြူ နှစ်ရောင်နဲ့ ထွက်ထားပြီး ယူရို ၃၆၀ (မြန်မာငွေ ၅ သိန်း ၇ သောင်းခွဲကျော်) ဈေးနဲ့ pre-order မှာနိုင်မယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က