တန်ဖိုးနည်း 5G ဖုန်းတွေပါ

မြန်မာငွေ ၄ သိန်းဝန်းကျင်ဈေးကနေ စတင် ဝယ်ယူနိုင်မယ့် Honor စီးရီး 5G ဖုန်းသစ်တွေ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Honor Play 4 နဲ့ Honor Play 4 Pro တို့ဟာ punch-hole display ဒီဇိုင်း နဲ့ 5G ကွန်ရက်စနစ် သုံးထားတဲ့ ဖုန်းတွေပါ။ Honor Play 4 စီးရီးနှစ်မျိုးစလုံးမှာ fast charging ပံ့ပိုးထားပြီး Play 4 Pro မှာ ထူးခြားတာက ခန္ဓာကိုယ်အပူချိန် တိုင်းတာနိုင်တဲ့ IR sensor တစ်ခု သီးသန့် ထည့်သွင်းလာပါတယ်။ အခုလို COVID-19 ကာလမှာ ဒီ feature ဟာ တကယ်ပဲ အသုံးဝင်မှာပါ။



Honor Play 4 Pro (Photo: xda-developers)


Honor Play 4 Pro ဟာ 7nm Kirin 990 နဲ့လာပြီး external 5G modem သီးသန့် ထုတ်ထားပါတယ်။ flagship စွမ်းဆောင်ရည်နဲ့ နောက်ဆုံးပေါ် 5G ကွန်ရက် ချိတ်ဆက်နိုင်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Android 10 ကို အခြေခံထားတဲ့ Magic UI 3.1 သုံးထားပြီး RAM 8GB/128GB storage ပါရှိပါတယ်။ ကျောဘက်မှာ ကင်မရာနှစ်လုံးတည်း သုံးထားပေမယ့် စိတ်ဝင်းစရာပါ။

Main sensor ဟာ Sony IMX600 1/1.7 inch sensor ပါ 40MP နဲ့ RYYB filter ပါရှိပြီး သာမန် sensor တွေထက် အလင်းဖမ်းယူမှု ၄၀% ပိုမြင့်မယ်လို့ ဆိုပါတယ်။ ဒုတိယကင်မရာဟာ 3x optical ၊ 5x hybrid နဲ့ 30x digital zoom ဆွဲနိုင်ပြီး OIS ရုပ်ငြိမ်စနစ်ပါဝင်တဲ့ 8MP ကင်မရာ သုံးထားတာပါ။ ကျောဘက်မှာပါတဲ့ Laser Autofocus စနစ်ကလည်း အလိုအလျောက် ဖမ်းချိန်ပေးနိုင်မှာ ဖြစ်ပါတယ်။

မျက်နှာပြင် ၆.၅၇ လက်မ LCD display ဟာ dual punch hole ကင်မရာပေါက်ပါရှိပြီး 32MP နဲ့ 8MP ultrawide sensor တို့ သုံးထားပါတယ်။ ဘက်ထရီပါဝါဟာ 4200mAh ဖြစ်ပြီး 40W fast charging ပံ့ပိုးထားပါတယ်။ အနက်နဲ့ အပြာ ကာလာ ၂ရောင်နဲ့ လာပြီး ယွမ် ၂၉၀၀ (မြန်မာငွေ ၅ သိန်း ၆ သောင်းကျော် ) ဈေးနဲ့ ရောင်းချသွားမှာပါ။

Honor Play 4 ကတော့ Pro မော်ဒယ်ထက် နည်းနည်းပိုကြီးတဲ့ မျက်နှာပြင် ၆.၈၁ လက်မ IPS LCD display နဲ့ လာပြီး လက်ဗွေကို ဖုန်းဘေးဘောင်မှာ တပ်ဆင်ထားပါတယ်။ Pro မော်ဒယ်နဲ့ မတူတာက display မှာ single punch hole နဲ့ လာပြီး 16MP sensor နဲ့ လာတာ ဖြစ်ပါတယ်။ ကျောဘက်မှာ 64MP main sensor ၊ 8MP ultrawide sensor ၊ 2MP macro camera နဲ့ 2MP depth sensor ဆိုပြီး ကင်မရာ ၄ လုံး သုံးထားပါတယ်။


Honor Play 4 (Photo: kozpost)


Honor Play 4 ဟာလည်း 5G modem ပါ 7nm MediaTek Dimensity 800 နဲ့ လာပြီး chip ကို ၉၉၁ စတုရန်းမီလီမီတာအကြီးစား အငွေ့အအေးခန်းနဲ့ အုပ်ထားပါတယ်။ 4300mAh ဘက်ထရီဟာ 22.5W charging ပံ့ပိုးထားပြီး Honor Play 4 လိုမျိုး RAM 8GB/128GB storage ဗားရှင်းတစ်မျိုးတည်း ထွက်ထားပါတယ်။ Honor Play 4 နဲ့ မတူတာက microSD card တစ်ခု ပါရှိပြီး 512GB အထိ ထပ်တိုးနိုင်မှာပါ။

အပြာနဲ့ အနက် ကာလာ ၂ ရောင်နဲ့ ဝယ်နိုင်မှာ ဖြစ်ပြီး ယွမ် ၂၀၀၀ (မြန်မာငွေ ၄ သိန်းခန့်)ဈေးနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က