• Review
    မှန်ပြင်အောက် လက်ဗွေနည်းပညာပါ အလတ်တန်းစား Meizu 16X မိတ်ဆက်
Nyein Min Wai
[Unicode Version]

Xiaomi Mi 8 SE ထက် သာတဲ့ ဖုန်းအဖြစ် ကြေငြာထားတဲ့ Meizu ဖုန်းသစ်ကတော့ ထွက်လာပြီ ဖြစ်ပါတယ်။

meizu-16x.jpg

Photo: Pan Daily

 

Meizu 16X နဲ့Xiaomi Mi 8 SE တို့အကြား တူညီတဲ့အချက်တစ်ချက်က Qualcomm ရဲ့ နောက်ဆုံးပေါ် mid-range processor ဖြစ်တဲ့ Snapdragon 710 chipset ကို သုံးထားတာပါ။ တစ်ခြား specs တွေအနေနဲ့သိပ်မသိရပေမယ့် ဒီဖုန်းဟာ Meizu 16 နဲ့အတော်လေး ဆင်တဲ့ feature တွေ ပါရှိပါတယ်။

Meizu 16 အတိုင်း မျက်နှာပြင် ၆ လက်မ AMOLED display သုံးထားပြီး notch မပါဘဲ အထက်အောက် ဘေးဘောင်တွေကို ပါးထားတာပါ။ Meizu 16X မှာ ထူးခြားချက်တစ်ခုက Meizu 16 မော်ဒယ်များအတိုင်း ဝ.၂၅ စက္ကန့်အတွင်း ဖုန်းကို လော့ခ်ဖွင့်နိုင်မယ့် မှန်ပြင်အောက် လက်ဗွေစနစ် ပါရှိထားတာ ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာ Meizu 16X ဟာ ကျောလယ် ထောင်လိုက် 12MP+20MP ကင်မရာနှစ်လုံးတွဲ သုံးထားတာပါ။ သုံးထားတဲ့ ကင်မရာ lens စနစ်ကလည်း Sony ရဲ့ နည်းပညာဖြစ်ပြီး Meizu 16 လို 4-axis OIS ရုပ်ငြိမ်စနစ် ပါဝင်လာပါတယ်။ ရှေ့ဘက် 20MP ကင်မရာဟာ AI Face Unlock နည်းပညာ သုံးနိုင်မယ်လို့ဆိုပါတယ်။

Meizu 16X ဟာ ဘက်ထရီစနစ်အနေနဲ့mCharge အမြန်အားသွင်းစနစ် ပါဝင်တဲ့ 3100 mAh ဘက်ထရီကို သုံထားပြီး RAM 6GB တစ်မျိုးတည်းနဲ့ထွက်လာပါတယ်။ storage အနေနဲ့64GB နဲ့128GB နှစ်မျိုး ထွက်ထားပြီး အနက် ၊ အဖြူနဲ့ရွှေ ကာလာ ၃ ရောင်နဲ့ဝယ်ယူနိုင်မှာပါ။အထူး ကာလာအနေနဲ့Aurora Blue ကာလာသစ်လည်း ထွက်ထားပါတယ်။

22.PNG

Photo: Gizmochina

 

ဈေးကွက်မှာတော့ 64GB ဗားရှင်းကို ၂၁၀၀ ယွမ် (မြန်မာငွေ ၄သိန်း ၈ သောင်းခန့်) ဈေး ၊ 128GB မော်ဒယ်ကို ယွမ် ၂၄၀၀ (မြန်မာငွေ ၅ သိန်းခွဲကျော်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။ Aurora Blue ကာလာအတွက်ကတော့ နောက်ထပ် ယွမ် ၁၀၀ ပေးရမှာပါ။

[Zawgyi Version]

Xiaomi Mi 8 SE ထက္ သာတဲ့ ဖုန္းအျဖစ္ ေၾကျငာထားတဲ့ Meizu ဖုန္းသစ္ကေတာ့ ထြက္လာျပီ ျဖစ္ပါတယ္။

meizu-16x.jpg

Photo: Pan Daily

 

Meizu 16X နဲ ့Xiaomi Mi 8 SE တို ့အၾကား တူညီတဲ့အခ်က္တစ္ခ်က္က Qualcomm ရဲ့ ေနာက္ဆံုးေပၚ mid-range processor ျဖစ္တဲ့ Snapdragon 710 chipset ကို သံုးထားတာပါ။ တစ္ျခား specs ေတြအေနနဲ ့သိပ္မသိရေပမယ့္ ဒီဖုန္းဟာ Meizu 16 နဲ ့အေတာ္ေလး ဆင္တဲ့ feature ေတြ ပါရိွပါတယ္။

Meizu 16 အတိုင္း မ်က္ႏွာျပင္ ၆ လက္မ AMOLED display သံုးထားျပီး notch မပါဘဲ အထက္ေအာက္ ေဘးေဘာင္ေတြကို ပါးထားတာပါ။ Meizu 16X မွာ ထူးျခားခ်က္တစ္ခုက Meizu 16 ေမာ္ဒယ္မ်ားအတုိင္း ၀.၂၅ စကၠန္ ့အတြင္း ဖုန္းကို ေလာ့ခ္ဖြင့္ႏိုင္မယ့္ မွန္ျပင္ေအာက္ လက္ေဗြစနစ္ ပါရိွထားတာ ျဖစ္ပါတယ္။

ကင္မရာပိုင္းမွာ Meizu 16X ဟာ ေက်ာလယ္ ေထာင္လိုက္ 12MP+20MP ကင္မရာႏွစ္လံုးတဲြ သံုးထားတာပါ။ သံုးထားတဲ့ ကင္မရာ lens စနစ္ကလည္း Sony ရဲ့ နည္းပညာျဖစ္ျပီး Meizu 16 လို 4-axis OIS ရုပ္ျငိမ္စနစ္ ပါဝင္လာပါတယ္။ ေရွ ့ဘက္ 20MP ကင္မရာဟာ AI Face Unlock နည္းပညာ သံုးႏုိင္မယ္လို ့ဆိုပါတယ္။

Meizu 16X ဟာ ဘက္ထရီစနစ္အေနနဲ ့mCharge အျမန္အားသြင္းစနစ္ ပါဝင္တဲ့ 3100 mAh ဘက္ထရီကို သံုထားျပီး RAM 6GB တစ္မ်ိဳးတည္းနဲ ့ထြက္လာပါတယ္။ storage အေနနဲ ့64GB နဲ ့128GB ႏွစ္မ်ိဳး ထြက္ထားျပီး အနက္ ၊ အျဖဴနဲ ့ေရႊ ကာလာ ၃ ေရာင္နဲ ့ဝယ္ယူႏိုင္မွာပါ။အထူး ကာလာအေနနဲ ့Aurora Blue ကာလာသစ္လည္း ထြက္ထားပါတယ္။

Photo: Gizmochina

 

ေစ်းကြက္မွာေတာ့ 64GB ဗားရွင္းကို ၂၁၀၀ ယြမ္ (ျမန္မာေငြ ၄သိန္း ၈ ေသာင္းခန္ ့) ေစ်း ၊ 128GB ေမာ္ဒယ္ကို ယြမ္ ၂၄၀၀ (ျမန္မာေငြ ၅ သိန္းခဲြေက်ာ္) ေစ်းေတြနဲ ့ေရာင္းခ်သြားမယ္လို ့ဆိုပါတယ္။ Aurora Blue ကာလာအတြက္ကေတာ့ ေနာက္ထပ္ ယြမ္ ၁၀၀ ေပးရမွာပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs