• Review
    Xiaomi ရဲ့ ပထမဆံုး ကင္မရာ ၄ လံုးပါ Redmi Note 6 Pro
Nyein Min Wai
[Unicode Version]

တကယ်လို့တန်ဖိုးသင့် mid-range ဖုန်းတစ်လုံးကို အဆန်းဆုံး ကင်မရာစနစ်ပါတာ ပြပါဆိုရင် Redmi Note 6 Pro ကိုပဲ ညွှန်းရမှာပါ။

Xiaomi-Redmi-Note-6-Pro-NoypiGeeks.jpg

Photo: noypigeeks

 

Xiaomi အတွက် Mi 8 series ကနေ စပြီး notch ဒီဇိုင်းကို သုံးလာတာ ဖြစ်လို့Redmi Note 6 Pro မှာ notch ပါလာတာ မထူးဆန်းဘူးလို့ဆိုရမှာပါ။ ထူးတာက မျက်နှာပြင် ၆.၂၆ လက်မအရွယ် Redmi Note 6 Pro ရဲ့ notch ထဲမှာ dual selfie ကင်မရာတွေ ပါလာတာ ဖြစ်ပါတယ်။ ပြောရရင် ဒီဖုန်းဟာ Xiaomi ရဲ့ ပထမဆုံး ရှေ့နောက် ကင်မရာ ၄ လုံးကို စသုံးလာတဲ့ ဖုန်းပါ။

ကင်မရာ စနစ်ပိုင်းမှာ Xiaomi က AI တံဆိပ်တပ်ပြီး ထုတ်လိုက်တာပါ။ ဒီဘက်ခေတ်မှာ AI အကြောင်း မပါတဲ့ ဖုန်းကလည်း ခပ်ရှားရှားဖြစ်လို့AI Cameras ဆိုတာ ထူးပြီး ရင်ခုန်စရာ မဟုတ်တော့ပါဘူး။ ပြောစရာတစ်ခုက Xiaomi Redmi Note 6 Pro ရဲ့ ကျောဘက်ကင်မရာဟာ Redmi Note 5အတိုင်း 12MP + 5MP အတွဲအစပ် သုံးထားတာပါ။

AI မြင်ကွင်းသိမှတ်မှု စနစ်ပါတဲ့ ဒီကင်မရာထက် ရှေ့ဘက် dual selfie ကင်မရာစနစ်က ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ AI Portrait 2.0 နဲ့AI Dynamic Bokeh စနစ်များ ပါဝင်တဲ့ 20MP+2MP ကင်မရာ စနစ်ဟာ Redmi Note 6 Pro ရဲ့ အဓိက အပြောင်းအလဲနဲ့အားသာချက်လည်း ဖြစ်ပါတယ်။

ဘက်ထရီစနစ်မှာတော့ Redmi Note 5 မှာလို quick charge အားသွင်းနည်းပညာပါတဲ့ 4000 mAh ဘက်ထရီအကြီး သုံးထားပြီး ဆက်တိုက် ၆ နာရီကြာအောင် ဂိမ်းဆော့နိုင်မယ့် ဘက်ထရီ ဖြစ်ပါတယ်။

processor ကတော့ Redmi Note 5 Pro အတိုင်း Snapdragon 636 chipset ဖြစ်ပြီး RAM 4GB/64GB storage နဲ့လာတာပါ။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android Oreo နဲ့ပေါင်းစပ်ထားတဲ့ MIUI စနစ်ကို သုံးထားတာ ဖြစ်ပါတယ်။ Redmi Note 6 Pro ဟာ အနက် ၊ အပြာ ၊  အနီ နဲ့ပန်းရောင် ကာလာ ၄ မျိုးနဲ့ထွက်လာပါတယ်။

gsmarena_003 (1).jpg

Photo: GSMArena

 

ဈေးကွက်မှာ Redmi Note 6 Pro ကို ထိုင်းဘတ် ၇၀၀၀ ခန့်(မြန်မာငွေ ၃သိန်းခွဲ) ဈေးနဲ့ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။

[Zawgyi Version]

တကယ္လို ့တန္ဖိုးသင့္ mid-range ဖုန္းတစ္လံုးကို အဆန္းဆံုး ကင္မရာစနစ္ပါတာ ျပပါဆိုရင္ Redmi Note 6 Pro ကိုပဲ ညႊန္းရမွာပါ။

Xiaomi-Redmi-Note-6-Pro-NoypiGeeks.jpg

Photo: noypigeeks

 

Xiaomi အတြက္ Mi 8 series ကေန စျပီး notch ဒီဇိုင္းကို သံုးလာတာ ျဖစ္လို ့Redmi Note 6 Pro မွာ notch ပါလာတာ မထူးဆန္းဘူးလို ့ဆိုရမွာပါ။ ထူးတာက မ်က္ႏွာျပင္ ၆.၂၆ လက္မအရြယ္ Redmi Note 6 Pro ရဲ့ notch ထဲမွာ dual selfie ကင္မရာေတြ ပါလာတာ ျဖစ္ပါတယ္။ ေျပာရရင္ ဒီဖုန္းဟာ Xiaomi ရဲ့ ပထမဆံုး ေရွ ့ေနာက္ ကင္မရာ ၄ လံုးကို စသံုးလာတဲ့ ဖုန္းပါ။

ကင္မရာ စနစ္ပိုင္းမွာ Xiaomi က AI တံဆိပ္တပ္ျပီး ထုတ္လိုက္တာပါ။ ဒီဘက္ေခတ္မွာ AI အေၾကာင္း မပါတဲ့ ဖုန္းကလည္း ခပ္ရွားရွားျဖစ္လို ့AI Cameras ဆိုတာ ထူးျပီး ရင္ခုန္စရာ မဟုတ္ေတာ့ပါဘူး။ ေျပာစရာတစ္ခုက Xiaomi Redmi Note 6 Pro ရဲ့ ေက်ာဘက္ကင္မရာဟာ Redmi Note 5အတိုင္း 12MP + 5MP အတဲြအစပ္ သံုးထားတာပါ။

AI ျမင္ကြင္းသိမွတ္မႈ စနစ္ပါတဲ့ ဒီကင္မရာထက္ ေရွ ့ဘက္ dual selfie ကင္မရာစနစ္က ပိုျပီး စိတ္ဝင္စားဖို ့ေကာင္းေနပါတယ္။ AI Portrait 2.0 နဲ ့AI Dynamic Bokeh စနစ္မ်ား ပါဝင္တဲ့ 20MP+2MP ကင္မရာ စနစ္ဟာ Redmi Note 6 Pro ရဲ့ အဓိက အေျပာင္းအလဲနဲ ့အားသာခ်က္လည္း ျဖစ္ပါတယ္။

ဘက္ထရီစနစ္မွာေတာ့ Redmi Note 5 မွာလို quick charge အားသြင္းနည္းပညာပါတဲ့ 4000 mAh ဘက္ထရီအၾကီး သံုးထားျပီး ဆက္တိုက္ ၆ နာရီၾကာေအာင္ ဂိမ္းေဆာ့ႏိုင္မယ့္ ဘက္ထရီ ျဖစ္ပါတယ္။

processor ကေတာ့ Redmi Note 5 Pro အတိုင္း Snapdragon 636 chipset ျဖစ္ျပီး RAM 4GB/64GB storage နဲ ့လာတာပါ။ ေဆာ့ဖ္ဝဲလ္ပိုင္းမွာ Android Oreo နဲ ့ေပါင္းစပ္ထားတဲ့ MIUI စနစ္ကို သံုးထားတာ ျဖစ္ပါတယ္။ Redmi Note 6 Pro ဟာ အနက္ ၊ အျပာ ၊  အနီ နဲ ့ပန္းေရာင္ ကာလာ ၄ မ်ိဳးနဲ ့ထြက္လာပါတယ္။

Photo: GSMArena

 

ေစ်းကြက္မွာ Redmi Note 6 Pro ကို ထိုင္းဘတ္ ၇၀၀၀ ခန္ ့(ျမန္မာေငြ ၃သိန္းခဲြ) ေစ်းနဲ ့ေရာင္းခ်သြားမယ္လို ့ေၾကျငာထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs